Monday, March 12, 2012

ခြေရာမဲ့မျက်ဝန်းများ

ဒီလမ်းထဲကို ကျွန်တော်ပြောင်း လာတာ သိပ်မကြာသေးဘူး။ စေ့ စေ့ပေါက်ပေါက်တွက်ကြည့်လိုက် ရင် သုံးလလောက်ကို သီသီကလေး ပဲ စွန်းဦးမယ်။ သေချာတာက ကျွန်တော့်အနေနဲ့ ရောက်စတုန်း ကလို အိုးတိုးအမ်းတမ်းနဲ့ မနေတတ် မထိုင်တတ် မဖြစ်တော့သလို လမ်း သူလမ်းသားတော်တော်များများနဲ့ လည်း မျက်မှန်းတမ်းမိရုံေ လာက် တော့ ရှိနေပါပြီ။ သွေးသောက်ညီ အစ်ကို မောင်နှမတွေလို စည်းလုံး ညီညွတ်တဲ့အဆင့်ထိတော့ မရောက် သေးဘူးပေါ့။လမ်းကလေးရဲ့ ပုံစံကလည်း သာမန်ပျံကျ ဆန်ဆန် ရပ်ကွက် ကလေးထဲက လမ်းကလေးဆိုတော့ ခံ့ခံ့ညားညား သိပ်မရှိလှဘူးပေါ့။ လက်လုပ်လက်စားတွေ ဖောခြင်း သောခြင်းနဲ့ ရင်ချင်းအပ်ကျောချင်း ကပ်ပြီး   ထောက်ကန်ထားတဲ့ ပတ် ဝန်းကျင် ဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ အလွယ်တကူ ပျော်ဝင်ဖို့ သိပ်မခက် လှပါဘူး။ ဒါပေမဲ့ လူသစ်ပီပီ နေရထိုင်ရတာ အသားမကျေ သးတဲ့အခါ ကသိကအောက် တော့ နိုင်တုန်းပဲ။ဒီလမ်းကလေးထဲမှာ နေရတာ ဟာ ကျွန်တော့်အဖို့ ဘာမှမထောင်း တာပေမယ့် တစ်နေ့ကို နှစ်ကြိမ် လောက် စိတ်ညစ်ရ တာမျိုးရှိတယ် ဆိုပါတော့။ ရှင်းရှင်းပြောရရင် အဲဒီ အချိန်တွေဟာ ကျွန်တော့်အတွက် ရောရုဝက လမ်းသွယ်တွေထဲမှာ စိတ်မချမ်းသာစွာ လျှောက်နေရ တယ်လို့ကို ထင်မိ တာ။ ပထမ အချိန်က ကျွန်တော်အလုပ်သွားတဲ့ အချိန်ဖြစ်ပြီး ဒုတိယက ပြန်ချိန်လို့ ပဲ ဆိုကြပါစို့။မနက်မိုးလင်းလို့ အိမ်ကထွက် တော့မယ်ဆိုရင် ကျွန်တော့်မှာ ရန်သူ့ နယ်မြေထဲ သွားလာလှုပ်ရှား နေရတဲ့ ပြောက်ကျားတပ်သားတစ် ယောက်လို အန္တရာယ်ကို ကြည့် ရှောင်နေရတော့တာ။ သတိကိုမြဲမြဲ ကပ်ပြီး ရှောင်ရတိမ်းရ မယ့် သေနင်္ဂ ဗျူဟာတွေကိုပါ တွက်ချက်ထားရ တာ။ ဒါကြောင့် အိမ်ကထွက်တော့ မယ်ဆိုရင် အိမ်ရှေ့ဖိနပ်ချွတ်နားမှာ အတော်ကြာကြာထိုင်ရင်း အကြံ ယူနေရတတ်တယ်။ ဘယ်လို ခွန် အားသတ္တိတွေနဲ့ ဒီလမ်းကိုဖြတ်ရင် ကောင်းမလဲဆိုပြီး ကြိုကြိုတင်တင် စီစဉ်အကွက်ချရတဲ့သဘောပါ။ နောက်ဆုံး မထူးပါဘူးဆိုပြီး အိမ်ပေါ်ကဆင်းလိုက်တာနဲ့ တစ် ပြိုင် နက် ကျွန်တော့်ကို မျှော်လင့် ချက်တွေ ရွှဲရွှဲစိုနေတဲ့ မျက်လုံးပေါင်း များစွာက မလွတ်တမ်း ကြည့်နေ ကြတော့မယ်ဆိုတာကို အတပ်သိ ထားပြီးသား။ အဲဒီအခါကျရင် ကျွန် တော်က အားနာစိတ်နဲ့ တစ်ဆိုင် ဆိုင်ကို မဖြစ်မနေဝင်ရတော့မယ် လေ။ တကယ်လို့ ကျွန်တော်က ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ပြီဆိုရင် ဈေးတန်းလေးလိုဖြစ်နေတဲ့ တခြား ဆိုင်က ဈေးသည်တွေရဲ့ မျက်နှာ တွေဟာ ကျွန်တော့်ကိုလှမ်းကြည့်နေ ရာကနေ နံရံကို ဘောလုံးပိတ်မှန် လိုက်သလို ဒိုင်းခနဲ လည်ထွက် သွားကြလိမ့်မယ်။

ဒီတော့ ကျွန်တော်က သူတို့ကို အားနာရရော။ မျက်နှာပူရရော။ မျက်နှာကလည်း ပူရဖန်များလို့ လားတော့မသိဘူး။ ထူအန်းအန်း ကြီးတောင် ဖြစ်နေပြီထင်တယ်။ အခုလည်းကျွန်တော့်မှာ တာတို အပြေးသမားတစ်ယောက်လို အိမ် ရဲ့ဖိနပ်ချွတ်ကို နောက်ခြေတစ် ချောင်းနဲ့ကန်ပြီး အမြန်ပြေးထွက်ဖို့ စဉ်းစားနေမိတာ အတော်ကြာ ပြီ။   နောက်ဆုံး မထူးပါဘူးလို့ ဆုံးဖြတ် လိုက်ပြီး အမြန်ပြေးမထွက်တော့ဘဲ သိက္ခာတော်ရ ဘုန်းတော်ကြီးတစ် ပါးလို စက္ခုဣနြေ္ဒလေးချပြီး ခြံထဲ ကနေ လှမ်းထွက်လိုက် တယ်။ ကျွန်တော့်ခြေလှမ်းတွေဟာ လမ်းနယ်နိမိတ်ဆီကို ရောက်ရုံရှိ သေးတယ်။ စကားသံတစ်ခုက နား ဆီကို လျှောခနဲတိုးဝင်လာခဲ့တယ်။
”ကိုအောင်စိုးငြိမ်း.. အလုပ် သွားတော့မလား…”
ကဲ…ကြည့်။ ကျွန်တော် အရှိန်ယူနေတာ မလွန်ဘူးလေ။ ဒါကြောင့် ချထားတဲ့ စက္ခုဣနြေ္ဒ လေးကို အသာရုပ်သိမ်းပြီး အသံ လာရာဆီကို မရဲတရဲကြည့်လိုက် တော့ မြမူ ကိုတွေ့ရတယ်။ မြမူအနေ နဲ့ ကျွန်တော့်ကို စကားမရှိစကား ရှာပြီး နှုတ်ဆက်တယ်ဆိုတာ ထင် ရှားတယ်။ ဒီတော့ ကျွန်တော်က ပြီးလွယ်စီးလွယ် ”အေး”လို့ အလွယ် ဆိုလိုက်နိုင်ပေမယ့် မြမူရဲ့ အမေး နောက်မှာ ”လက်ဖက်ရည် သောက် မသွားတော့ဘူးလား ..” လို့ အဓိပ္ပာယ်ရတဲ့ မျက်ဝန်းတွေကိုပါ ရိပ်ခနဲ တွေ့လိုက်ရတယ်။ဒီတော့ ကျွန်တော့်မှာ အကြိတ် အနယ်စဉ်းစားရပြီ။ လက်ဖက်ရည် သောက်ရရင် ကောင်းမလား။ ထမင်းကြော်၊ အသုပ်၊ အစရှိတဲ့ တွေဝေမှုတွေနဲ့ စီးချင်းထိုး အပြီးမှာ မထူးတော့ ပါဘူးလို့ ဆုံးဖြတ်ရင်း မြမူရဲ့ဆိုင်ထဲကို ဒိုင်ဗင်မထိုးရုံတ မည် ကမူးရှူးထိုး ပြေးဝင်လိုက်ရ တယ်။
”ကိုအောင်စိုးငြိမ်း…တစ် ခွက်..။”
မြမူရဲ့ အော်သံအဆုံးမှာ ဖြတ် သွားဖြတ်လာတွေကို မစားရဝခ မန်း ငေးနေတဲ့ စားပွဲထိုးကောင် လေးက ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းတစ်ကောင်လို အဖျော်ခုံနား ကပ်သွားပြီး ကျွန်တော်သောက်နေ ကျဖြစ်တဲ့ ကော်ဖီမစ်ပလိန်းတစ် ခွက်ကို အပြေးအလွှားလာချပေး တယ်။ ပြီးတော့ ထောင့်ကျကျစားပွဲ တစ်လုံးမှာ တစ်ဦးနှင့်တစ်ဦး အမှီ သဟဲပြုရင်း ငိုက်မျဉ်းနေသလို ထင် ရတဲ့ ဓာတ်ဘူးလေးငါးလုံးထဲက တစ် လုံးကို တွဲလောင်းဆွဲလာပြီး ကျွန် တော့်ဝိုင်းမှာ လာချပေးတယ်။ကောင်လေး ရဲ့ ခြေလှမ်းေ တွက ရေခဲပြင်ပေါ်မှာ စကိတ်စီးနေသလို  သွက်သွက်လက်လက် လှုပ်ရှားနေ တာ မှန်ပေမယ့် ဒါကို အားရသေးပုံ မရတဲ့မြမူက
”ဟဲ့..ပန်းကန်လုံးချပေး လိုက်ဦးလေ၊ ရေနွေးကို ဘာနဲ့ သောက်ရမှာလဲ…” ဆိုပြီးအလွယ် တကူ ရတဲ့ လောကွတ်စကားတချို့ကို ဖောဖောသီသီထည်လဲ သုံးစွဲရင်း လမ်း မဘက်ကို ပြန်လှည့်သွားတယ်။ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့် လိုက်တော့ ဟိုဘက်တစ်ခုံကျော်မှာ ညကကန်တဲ့ မန်ယူနဲ့ လီဗာပူးလ်ပွဲ အကြောင်းကို ဖောင်လောက်ေ အာင် ပြောနေကြတဲ့ အမျိုးသမီး တစ်ဝိုင်း ကိုတွေ့လိုက်ရတယ်။ မြမူကတော့ လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာတွေကို တစ် ယောက်မှ အလွတ်မပေးဘဲ ပြောဆို နေလေရဲ့။ ”မသန်းဌေး..ဈေး လား။ အစောကြီးရှိသေးတယ်။” မြမူရဲ့အသံနောက်ကို ကျွန်တော်လိုက်ကြည့်မိတော့ အမျိုး သမီးတစ်ယောက်ကို ခြင်းတောင်း ဆွဲလျက်သား တွေ့ လိုက် ရတယ်။  ဒါပေမဲ့ အားနာမှုထုထည် ပါးလွှာ လွန်းတဲ့ မသန်းဌေးဆိုတဲ့ အမျိုး သမီးကတော့ မြမူကို တစ်ချက်ငဲ့ ကြည့်ရင်း ခပ်ပြုံးပြုံးပြန်ပြော တယ်။
”အေးဟေ့…မြမူရေ၊ ဒီနေ့ တော့ လက်ဖက်ရည်မသောက်သေး ဘူး၊ မုန့်ဟင်းခါးစားလိုက်ဦးမယ် …”
မသန်းဌေးက ပြောရင်းဆိုရင်း နဲ့ မြမူဆိုင်ရဲ့ မျက်စောင်းထိုးမှာရှိ တဲ့ မရီရဲ့မုန့်ဟင်းခါးဆိုင်ထဲကို တန်းတန်းမတ်မတ်ဝင်သွားတယ်။ ဟိုဆိုင်ရှင်ဖြစ်တဲ့ မရီကလည်း ဝယ် သူရောက်လာလို့ ပြုံးသွားလိုက်တာ များ မျက်စိပေါက်တောင်ပိတ်သွား မတတ်ပဲ။ ပြီးတော့ မရီရဲ့ ကျွမ်း ကျင်ပြီးသားလက်အစုံက အငွေ့ တထောင်းထောင်းထနေတဲ့ ဟင်း ရည်ကို ပန်းကန်ထဲမှာ ထည့်ပြီးနေပြီ။ဒီမြင်ကွင်းဟာ တခြားသူတွေ အတွက် မသိသာပေမယ့် ကျွန် တော့်အတွက်တော့ အတော့် ကို စိတ်မသက်သာစရာ ကောင်းတဲ့ ကိစ္စ ပဲ။ ဒါကြောင့်လည်း သက်မကို မကြာခဏချရင်း ရင်မောခဲ့ရတာ လည်းများပြီ။ ကျွန်တော့်ရဲ့ မျက် လုံးတွေကို မရီဆိုင်ကနေတစ်ဆင့် လမ်းထိပ် အထိမျှော်ငေးတော့ မြင် ကွင်းတစ်ခုလုံးဟာ စိတ်မသက်သာ စရာ ကောင်းလောက်အောင်ကို ဈေးဆိုင်တွေနဲ့ ပြည့်သိပ်နေတော့ တာ။အဲဒီဆိုင်တွေအားလုံးကို စာ ရင်းချကြည့်ရင် မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ ထမင်းကြော်ဆိုင်၊ ဘိန်းမုန့်ဆိုင်၊ ဆေးလိပ်ကွမ်းယာ ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်တီဆိုင်၊ ကြာဆံချက်၊ တုတ်ထိုးစတဲ့ဆိုင် တွေအပြင် ဘိလိယက်ခုံနဲ့ ဘော လုံးပွဲရုံ က ရှိသေး။ ခက်တာက အဲ သလောက်ဆိုင်တွေများနေတော့ ဝယ်သူတွေပါးလျလွန်းလာတဲ့ သဘောပေါ့။ ဘောဂဗေဒစကားနဲ့ ပြောရရင် ဒါဟာ ရောင်းလိုအားများ လွန်းလို့ ဝယ်လိုအား ကျဆင်းသွား တဲ့သဘော။ မြမူရဲ့ဆိုင်လေးမှာ ကျွန်တော် ထိုင်နေလို့သိပ်မကြာခင်မှာ ဆိုင်ထဲ ကို နောက်ထပ် အမျိုးသမီးတစ် ယောက်ထပ်ရောက် လာခဲ့တယ်။ အဲဒီအမျိုးသမီးက ကျွန်တော့် တစ်ခုံကျော်မှာ အရင်ရှိနှင့်နေတဲ့ အမျိုးသမီးတွေရဲ့ဝိုင်းမှာ ဝင်ရောက် ရောနှောလိုက်တယ်။ ခဏချင်းမှာ ပဲ ရောင်းသူဖြစ်တဲ့   မြမူအပါအဝင် အမျိုးသမီးတွေဟာ သူ့ထက်ငါ အလုအယက်ပြောနေလိုက်ကြတာ၊ လက်ပံပင်ဆက်ရက်ကျဆိုသလို ပေါ့။ ကျွတ်ကျွတ်ကို ညံနေတော့ တာပဲ။သူတို့ရဲ့စ ကားတွေထဲမှာ ဘယ် သူ့ယောက်ျားက ကျော်ဇင်မင်းရဲ့ ဘိလိယက်ခုံမှာ ညတုန်းက ဘယ် လောက်ရှုံးသွားပြီ ဆိုတဲ့စကားတွေ။ ဟင်းစားအနေနဲ့ ဘာဝယ်ချက်ရင်  ကောင်း မ လဲဆိုတဲ့ စကားသံတွေ။ နောက်ပြီး ဝမ်းချိန်းကဘာလဲ။ မနေ့ညနေက ထွက်သွားတဲ့ဂဏန်း ကဘာလဲ။ အစရှိသဖြင့် ဆူညံနေ တော့တာ။ တစ်ခါတလေကျရင် လည်း အဲဒီလိုတစ်ယောက်တစ် ပေါက် ဆူညံနေရာကနေ မီးကို ရေနဲ့ငြှိမ်းလိုက်သလို ချက်ချင်းငြိမ် ကျသွားကြပြန်ရော။ ကျွန်တော်မသိမသာ အကဲခတ် ကြည့်တော့ အမျိုး သမီးအုပ်စုဟာ စကားမပြောကြတော့တာမဟုတ် ဘူး။ လေသံကိုနှိမ့်ပြီး တွက်ထိုးပြော နေကြတာ။ ခေါင်းချင်းဆိုင်ပြီး တိုး တိုးတိတ်တိတ်ပေါ့။ ဘာအကြောင်းလဲ၊ ဘာေ ခါင်း စဉ်လဲတော့၊ ကျွန် တော်လည်း မသိဘူး။ ဈေးတန်း ကလေး ကတော့ သွေ့သွေ့ခြောက် ခြောက်ပဲ။
—***—
ကျွန်တော့်တစ်ယောက်တည်း အမြင်အရတော့ ဒီပြဿနာကို စတင်ဖန်တီးသူဟာ မြမူပဲလို့ ကျမ်း ကျိန်ပြီးပြောရဲတယ်။ တကယ်ဆို ရင် မြမူက မနေနိုင်မထိုင်နိုင်နဲ့ လက် ဖက်ရည်ဆိုင်ဖွင့်ရာကစတာပဲ။ သူသူကိုယ်ကိုယ်ကြားဖူးသမျှတော့ လက်ဖက်ရည်ဆိုင်ဆိုတာ လမ်းထိပ် တွေ လမ်းမကြီးတွေမှာ၊ ဒါမှမဟုတ် လမ်းဆုံလမ်းခွတွေမှာ ဖွင့် ကြတာ မဟုတ်လား။ အခု မြမူက အဲဒီအစဉ်အလာ ကို ခပ်တည်တည်ကြီးဆန့်ကျင်ပစ် လိုက်ပြီး ဘယ်သူမှတွေးမထားတဲ့  တွေးထောင့်ကနေ လမ်းသွယ်ထဲမှာ လက်ဖက် ရည်ဆိုင်ဖွင့်ပစ်လိုက်တာ လေ။ အဲဒီအခါမှာ လမ်းထဲကို ဖြတ် သွားဖြတ်လာ လုပ်တဲ့သူတွေအတွက် ကတော့ အထူးအဆန်းကြီးကို ဖြစ်လို့။ အစပိုင်းမှာ မြမူဆိုင်ကို ‘ဒါ ဘာဆိုင်လဲ’ ဆိုတဲ့သဘောနဲ့ စူး စမ်းကြတယ်။ အကဲခတ်ကြတယ်။ လက်ဖက်ရည်ဆိုင်ဆိုတာ သိသွား ကြတဲ့အခါမှာ ”ဘယ်လိုစိတ်ကူးနဲ့ …ဒီလိုနေရာမှာ လာဖွင့်ရတာပါ လိမ့်….။” လို့ အမနာပပြော ကြတဲ့ သူတွေလည်းရှိတယ်။ ဒါပေမဲ့ မြမူကတော့ ခပ်တည်တည်ပဲ။ သူ လုပ်ရမယ့်အလုပ်တွေကို ဆက်လုပ် နေတာပဲ။ဆိုင်ကလေးရဲ့ပုံစံက သိပ်ပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနား နားကြီးတော့ မဟုတ်လှဘူး။ မြမူတို့ အိမ်ရှေ့ကမြေကွက်လပ်ကို ပေါင်း တွေမြက်တွေရှင်းပြီး ရှစ်ပေသာသာ လောက်ကလေး ကွန်ကရစ်ခင်းပစ် လိုက်တာ။ ပြီးမှ ကွန်ကရစ်ခုံရဲ့ ထောင့် လေးထောင့်မှာတိုင်ထူပြီး အမိုးက လေးမိုး အကာကလေး လေးဘက်ချပြီး မဖြစ်ညစ်ကျယ် ဆောက်ပစ် လိုက် တာပဲ။ ဆောက်ပြီး လို့ သိပ်မကြာခင်မှာ ဆိုင်ဖွင့်တော့တာပေါ့။ ဆိုင်ဖွင့်စ တစ်ရက်နှစ်ရက် မှာ လမ်းသွားလမ်းလာတွေက မြမူရဲ့ ဆိုင်ကို မသိမသာ အကဲခတ်သွား ကြ တယ်။ တချို့ကျတော့လည်း အကဲစမ်းတဲ့သဘောနဲ့ လက်ဖက် ရည်ဝင်သောက်သွားတဲ့သူတွေ ရှိ တယ်။ ဘာပဲဖြစ်ဖြစ် မိတ်ကလေး ရလာတော့ အထိုက်အလျောက် စည် စည်ကားကား ဖြစ်လာတာတော့ အမှန်ပါပဲ။ တချို့ကတော့ ”ဘယ် ဆိုးလို့လဲ …ရောင်းရသားပဲ” လို့ တစ်နိုင်တစ်နိုင်တတ်ပိုင်သလောက် မုဒိတာပွားကြပါတယ်။ မြမူကိုယ် တိုင်ကလည်း သောက်ချင်သောက် မသောက်ချင် နေ ဆိုတဲ့သဘောနဲ့ ဟန်တစ်ခွဲ သားလုပ်နေတတ်တာ မဟုတ်ဘူး။ ”ဘယ်သူရေ။ …ဘယ်ဝါရေ… နေ ကောင်းရဲ့လား။ လက်ဖက်ရည် သောက်သွားဦးလေ…”စတဲ့ ပဋိ သန္ဓာရ စကားတွေကို မပြတ်ဆိုနေ တတ်တာ။ ဒီကြားထဲ ဘယ်အိမ်က လက်ဖက်ရည်တစ်ခွက် ဆိုပြန်ရင် လည်း အိမ်တိုင် ရာရောက်ကိုသွား ပို့တော့တာ။ တချို့တလေက သွား ရင်း လာရင်း ပိုက်ဆံပြတ်သွားလို့         ”နောက်တစ်ခါ…ထွက်လာမှ ယူနော်… မြမူ”ဆိုရင်လည်း မြမူ က ခေါင်းကေ လးတစ်ချက် ဆတ် လိုက်တာနဲ့ပြီးတယ်။ဒီတော့ တချို့က လမ်းထိပ်မှာ သွားသောက်တာထက်စာရင် ဒီမှာ က နီးနီးနားနားဆိုသလို အဆင်ပြေ တာပေါ့။ ဒါပေမဲ့ ဖြတ် သွားဖြတ်လာ တွေကို ငေးချင်တဲ့သူတွေ၊ လျှို့ဝှက် အပ်တဲ့နှလုံးသားရေးရာ ကိစ္စတွေကို ပြောချင်ဆိုချင်တဲ့ လူငယ်တွေ အတွက်တော့ သိပ်ပြီး အဆင်မပြေ လှဘူးပေါ့။ ဒါပေမဲ့ သနပ်ခါးခြေဆုံး ခေါင်းဆုံးလိမ်းပြီး မျက်နှာချိုတဲ့ အ ပျိုမလေးရောင်းတဲ့ ဆိုင်ဆိုတော့ လည်း တချို့က စကားကလေးပြော ရင်း ထိကပါး ရိကပါးဆိုရင်းနဲ့ လည်း   ရောက်လာ တတ်ကြတာပါပဲ။စာရင်းချုပ်ကြည့်ရင် မြမူဆိုင် ရောင်းရတယ်လို့ အသံထွက်လာ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆိုင်မဖွင့်ခင်လောက်က ကျွန်တော့် အိမ်ရှေ့တည့်တည့်မှာရှိတဲ့ မြမူရဲ့ ဆိုင်ကို ရောင်းရပါ့မလား လို့လည်း တွေးပြီးပူမိသေးတယ်။ တချို့ဆိုရင် စားရင်းသောက်ရင်းနဲ့ အလျဉ်းသင့် တဲ့အခါ ပြောတတ် ကြ သေး တယ်။ ”ငါတို့ကတော့ အစပိုင်းမှာ အခုလိုရောင်းရလိမ့်မယ်လို့ ထင် မထားဘူး မြမူရေ့…။ အခု တော့…ဘယ်ဆိုးလို့လဲ..။”
ဆိုတဲ့ စကားမျိုးတွေကို ပိုပိုသာသာ ပြောတတ်ကြတာကို ကျွန်တော်ကြား ခဲ့ဖူးတယ်။
အဲဒီအပြင် မြမူနဲ့ ပြောနေဆို နေကြတဲ့ အမျိုးသမီးတွေကိုလည်း မကြာခဏ အကဲခတ်မိတယ်။ အထူးခြားဆုံးကတော့ သူတို့ရဲ့ မျက်လုံးတွေဆိုတာ ကျွန်တော်သတိ ထား မိတယ်။ ဘာဖြစ်လို့လဲဆို တော့ မြမူကိုမုဒိတာစကားတွေ ဘယ် လောက်ပြောပြော ဒီနေရာမှာ ဘာရောင်းရရင်ကောင်းမလဲဆိုတဲ့ မျှော်လင့်ချက်တွေက သူတို့ရဲ့ ကိုယ်စီ ကိုယ်င မျက်လုံးတွေထဲမှာ အတိုင်းသား ပျော်ဝင်လို့။
—***—
တစ်နေ့မှာ ကျွန်တော်က ထုံးစံအတိုင်း မြမူရဲ့ဆိုင်မှာထိုင်နေ တုန်း ကျွန်တော်တို့အိမ်ရဲ့ ခြေရင်း တစ်အိမ်ကျော်က မွန်သံဝဲဝဲနဲ့ မရီ ဆိုတဲ့မိန်းမကြီးက အဆိုးဆုံးလို့ ထင်မိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမရီက မိုးလင်းပြီဆိုတာနဲ့ မြမူ ရဲ့ဆိုင်ကို ရောက်လာပြီး ကြုံသမျှ လာသမျှ ဖောက်သည်တွေနဲ့ ရောက်တတ်ရာရာစကားတွေကို  ဦးတည် ရာမဲ့ ပြောနေဆိုနေကျ။ သေချာတာက မရီဟာ တစ် နေကုန်တစ်နေခန်း မြမူဆိုင်မှာ ချည်းပဲလို့တောင် ဆိုနိုင်ပါရဲ့။ ထား ပါတော့။ တစ်နေ့မှာမရီက မြမူကို
”ဟဲ့…မြမူ၊ နင့်ဆိုင်က လက်ဖက်ရည်ချည်းပဲဆိုတော့ ဘယ် အဆင်ပြေပါ့မလဲ။ မုန့်ဟင်းခါးပါ တွဲရောင်းပါလား…” လို့ အကြံ ပြုတယ်။ မြမူက တွေခနဲ တစ်ချက် စဉ်းစားလိုက်ပြီးမှ
”မလုပ်နိုင်ပါဘူး…အန်တီ မရီရယ်..။ မုန့်ဟင်းခါးချက်ရတာ က လက်ဝင်တယ်လေ..။ ငါးပြုတ် ဦး၊ ပဲတိုက်ဦးဆိုတော့ အလုပ်ရှုပ်တာ ပေါ့။ အဆင်ပြေမှာ မဟုတ်ပါ ဘူး…”
မြမူရဲ့ ညည်းညူသံပါတဲ့ အဖြေစကားဟာ တခြားသူတွေ အတွက် မထူးခြားလှပေမယ့် မရီ အတွက်ကတော့ သိန်းဆုကြီးထ ပေါက်သလို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား ပြီး ထိုင်ရမလို ထရမလိုကို ဖြစ်သွားတော့တာ။ ပြီးတော့မှ ဣနြေ္ဒလေးနည်းနည်းဆယ်လိုက် ရင်း
”ဒါဆို ဒီလိုလုပ်ပါလားမြမူ၊ နင်မရောင်းနိုင်ရင် ငါရောင်းမယ် လေဟာ…။ မကောင်းဘူး လား…”လို့ အမိအရပြန်ပြော ရင်း မြမူဘာပြန်ပြောမယ် ဆိုတာကို မျှော်လင့်တ ကြီး နဲ့ စောင့်နေတယ်။သူတို့အခြေအနေက ကျွန် တော့်မျက်လုံးထဲမှာ သိသိသာသာ ကို ထူးခြားနေတာ။ အထူးသဖြင့် မရီရဲ့မျက်လုံးတွေဆိုပါ တော့။ သေချာတာက နဂို ထက် ပိုပြီး တော့ကို ထူးထူးခြားခြား တောက်ပ နေတော့တာ။ ဒီအချိန်မှာ အစက နေ အဆုံးထိအောင် ငြိမ်ပြီးနား ထောင်နေတဲ့ မခင်မာဆိုတဲ့ အမျိုးသမီးက ဝမ်းသာအား ရ ဝင်ပြီးအား ပေးတယ်။
”ဘာမှစဉ်းစားမနေနဲ့ အန်တီ မရီ…ရောင်းသာရောင်း၊ ကျွန်မ တို့အားပေးမယ်။”
အဲဒီစကားကြောင့် ကျွန် တော်လှမ်းကြည့်လိုက်တော့ မခင်မာ ရဲ့မျက်လုံးတွေဟာ သူပြောခဲ့တဲ့ နှုတ်ထွက်စကားတွေနဲ့ သိသိသာ သာဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်   နေတော့တာ။ ကျန်တဲ့ အမျိုးသမီး တွေရဲ့မျက်လုံးတွေဟာလည်း  တိုက် တိုက်ဆိုင်ဆိုင် တူနေသလိုလိုတော့ ထင်မိသား။
—***—
နောက်နှစ်ရက်လောက်ကစ ပြီး မြမူရဲ့ဆိုင် မျက်စောင်းထိုး လောက်မှာ မရီရဲ့ မုန့်ဟင်းခါးဆိုင် ပေါ်လာတော့တာပဲ။ သေချာတာ က မရီရဲ့ဆိုင်ဟာ စဖွင့်တဲ့နေ့မှာ တော်ေ တာ့် ကိုရောင်းရတာ။ စား သုံးသူတွေအတွက်ကတော့ အရင် ထက် ပိုအဆင်ပြေသွားတော့တာ ပေါ့။ တချို့က မြမူရဲ့ဆိုင်မှာထိုင် ရင်း မုန့်ဟင်းခါးလှမ်းမှာစားကြသူ တွေ ရှိသလို တချို့က မုန့်ဟင်းခါး ဆိုင်ကနေ အီကြာကွေးတစ်ချောင်း လောက်လှမ်းမှာပြီး မုန့်ဟင်းခါးထဲ ထည့်စားတာမျိုးတွေရှိတယ်။ဒီတော့ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဟင်းခါး ဆိုင်ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ဦးကိုတစ် ဦး အမှီသဟဲပြုရင်း ဆတက်ထမ်း ပိုးတိုးလို့ ရှေးကထက် ပိုချစ်နေတော့ တာ။ မုန့်ဟင်းခါးဆိုင်ကြောင့် မြမူ ဆိုင် အရောင်းပါးသွားမှာ စိုးရိမ် စရာမလိုသလို မြမူကြောင့်လည်း မရီနဲ့မုန့်ဟင်းခါးဆိုင် အနှောင့်အ ယှက် မဖြစ်နိုင်ဘူး မဟုတ်လား။ နောက်ပိုင်းရက်တွေမှာ ကျွန် တော် တို့ လမ်းကလေးဟာ မနက် လင်းပြီဆိုတာနဲ့တစ်ပြိုင်နက် တိတ် တိတ်ဆိတ်ဆိတ် သွားလာနေကြတဲ့ ပုံစံတွေမဟုတ်တော့ဘူး။ သိသိသာ သာစည်ကားလာပြီး ဇွန်းသံပန်း ကန်သံတွေအပြင်၊ လက်ဖက်ရည် မှာသံ၊ စကားပြောသံတွေကြောင့် မနက်တိုင်း မနက်တိုင်းဟာ မင်္ဂလာ ရှိနေတယ်လို့တောင် ထင်ရတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာ က ကိုယ့်လမ်းသူလမ်းသားတွေအပြင် တခြားလမ်းကလူတွေပါ တစ်ခါတ လေ လာဝယ်ကြတာဆိုတော့ အရောင်းအဝယ်အနေနဲ့ အဆင် ပြေတာပေါ့။ ဈေးသည်တွေအ တွက် အဆင် ပြေတာမှန်ပေမယ့် တချို့သော အမျိုးသမီးတွေအတွက်ကတော့ သိပ်ပြီး မုဒိတာပွားနိုင်ကြပုံမပေါ် ဘူး။ ”ငါတို့မလုပ်မိတာ… မှားလေခြင်း…”ဆိုတဲ့ နောင်တ မျိုးတွေနဲ့ မထွေးနိုင်မအန်နိုင်ကို ဖြစ်နေကြတော့တာ။ တချို့ကလည်း ”ဘာလုပ်ရောင်းရင် ကောင်းမလဲ” ဆိုတဲ့ မျှော်လင့်ချက်တွေ ရောစွက် နေတဲ့ မျက်လုံးမျိုးတွေကို သိသိ သာသာရော မသိမသာပါ အရော ရော နှောနှောတပ်ဆင်လို့။ကျွန်တော်တို့လူ့ပတ်ဝန်း ကျင်ရဲ့ ထုံးစံအရ ရှေ့တစ်ယောက် က အဆင်ပြေမှန်းသိရင် နောက်က နေ တစ်အုပ်ကြီးလိုက်လုပ်တတ်ကြ တဲ့ အစဉ်အလာကို ဒီလမ်းကလေး က ဆန့်ကျင်နေလိမ့်မယ်လို့တော့ မထင်လိုက်နဲ့။ နောက်ထပ် တစ်ပတ် လောက်အကြာမှာ နီနီဝင်းတို့ရဲ့ အိမ်ရှေ့မှာ ထမင်းကြော်ဆိုင်တစ် ဆိုင်ဟာ မိုးပေါ်ကကျလာသလို ရုတ်တရက် ပေါ်ပေါက်လာပြန် တယ်။ နီနီဝင်းကလည်း ဘယ်သူ့ကို မှ ကြိုတင်အသိပေးထားတာမျိုးမရှိ ဘူး။ ချက်ချင်းလက်ငင်း ထဖွင့်လိုက် တာဆိုတော့ လမ်းသွားလမ်းလာ တွေနဲ့ စားသုံးသူတွေအတွက်တော့ အထူးအဆန်းကိုဖြစ်လို့။ ဒါကြောင့် နီနီဝင်းဆိုင်ကို ”ဘာရောင်းတာ လဲ…၊ ဘာဆိုင်လဲ…” လို့ စူး စမ်းမေးမြန်းကြရတဲ့အထိ။
အားလုံးထဲမှာ ပျော်ရွှင်မှု အ ခေါင်းပါးဆုံးကတော့ မရီပဲ။ ကုန် ကုန် ပြောရရင် အပြုံးအရယ်တောင် မရှိနိုင်တော့လောက် အောင်ဖြစ်နေ တာ။ မရီမပြုံးနိုင် တာကိုလည်း အပြစ်တော့မဆိုသာ ဘူးပေါ့။ လေး ငါးရက်အတွင်းမှာ သူ့ရဲ့မုန့်ဟင်းခါး ဆိုင် တော်တော်လေးအရောင်းပါး သွားတာကိုး။ ခါတိုင်း မနက်ဆယ် နာရီလောက်ကုန်တဲ့ မုန့်ဟင်း ခါးကို တစ်နေကုန်ရောင်း နေရတာသာ ကြည့်တော့။ ဖြစ်ပုံက မရီရဲ့ဆိုင်မှာ မုန့်ဟင်း ခါးစားနေကြတဲ့ ဖောက်သည်တွေ ထဲက တချို့တစ်ဝက်လောက်ဟာ နီနီဝင်းရဲ့ ထမ င်းကြော်ဆိုင်ကို ရောက်သွားကြတယ်လေ။ ဒီတော့ မရီအနေနဲ့က သူ့ရဲ့ ဖောက်သည်  တွေကို တစ်ဝက်ခွဲပေးလိုက်ရသလို ဖြစ်မသွားဘူးလား။ မရီရဲ့ဆိုင်က အဲဒီလို အေ ရာင်း ‘အ’ သွားတယ်ဆို ပေမယ့် နီနီဝင်းရဲ့ဆိုင်က ကြိတ် ကြိတ် တိုးရောင်းနေရသလား ဆို တော့လည်း မဟုတ်ပြန်ဘူး။ သူ လည်း ငုတ်တုတ်ပဲ။သဘောကတော့ ထမင်း   ကြော်စားပြီးသားလူတစ်ယောက်က မုန့်ဟင်းခါးထပ်စားမှာ မဟုတ်တော့ သလို၊ မုန့်ဟင်းခါးစားပြီးသားလူက လည်း ထမင်းကြော်ထပ်စားမှာ မဟုတ်ဘူး။ နောက်ပြီး ဒီရပ်ကွက် ကလေးကလည်း ငွေကြေးနဲ့ ပတ် သက်လာရင် ကိုယ်ခံအားနည်းတဲ့ ပတ်ဝန်းကျင်ဆိုတော့ ပိုဆိုးတာ ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော် သတိထားမိလာတာက ဖိုခနောက် ဆိုင်လိုဖြစ်နေတဲ့ သုံးဆိုင်စလုံးမှာ ဈေးသည်တွေဟာ ကိုယ်စီကိုယ်င ဆုတောင်းကလေးတွေတောင် ရှိနေ ပုံပေါ်နေပြီ။ ကျွန်တော့်အထင် တော့ အဲဒီဆုတောင်း က သူတို့တွေ ကလွဲပြီး နောက်ထပ်ဆိုင်တွေ ပေါ်မလာပါစေနဲ့ဆိုတဲ့ ဆုတောင်း ပဲဖြစ်လိမ့်မယ်ထင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ လမ်းထဲကတစ် ယောက်ယောက်က စားပွဲကလေး များ ပြုပြင်နေတာမြင်ရင် ဘာ ရောင်းမှာလဲဆိုတဲ့သဘောနဲ့ အကဲ ခတ်နေတတ်ကြပြီ။ မတော်တဆ တစ်အိမ်အိမ်က ခြံစည်းရိုးကလေး များ ထွက်ပြင်နေရင် ဘာလုပ်မှာ ပါလိမ့် ဆိုပြီးစိုးရိမ်တတ်လာကြပြီ။ ဒါပေမဲ့ သူတို့တွေရဲ့ဆု တောင်း မပြည့်ရှာကြပါဘူး။ နောက် ထပ်ဆယ်ရက်လောက်အကြာမှာ သန်းသန်းနွဲ့ဆိုတဲ့ အမျိုးသမီး တစ် ယောက်က ခေါက်ဆွဲသုပ်၊ ကြာဇံ သုပ်ဆိုပြီး ထွက်လာပြန်ရော။ သန်းသန်းနွဲ့တို့ စီးပွားရေး သောင်း ကျန်းပုံကလည်း သူတင်ဈေးရောင်း ထွက်တာမဟုတ်ဘူး။ အလုပ်မရှိလို့ ကျော်ဇင်မင်းရဲ့ ဘိလိယက်ခုံမှာ လတ်လျားလတ်လျားဖြစ်နေတဲ့ သူ့ ယောက်ျား ဇေယျာဝင်းကိုပါ သူ့ အနား ကွမ်းယာဆေးလိပ်ကို ဗန်း ကလေးနဲ့ ဖွင့်ပေး ထားလိုက်သေး တယ်။ဒါကြောင့် ကျွန်တော်တို့လမ်း ကလေးကို ထိပ်ကနေများစီးကြည့် လိုက်ရင် ဈေးတန်းကလေးကိုဖြစ် လို့။ လမ်းထဲက တစ်ယောက် ယောက်များဖြတ် မသွားမိစေနဲ့ လှမ်း နေတဲ့ခြေလှမ်းတွေ ပျက်သွား အောင်ကို စကားမရှိ စကားရှာပြီး  နှုတ်ဆက်ကြတာမျိုး။ ‘ဒီနေ့ လာ မစားပါလား…’လို့ သတိပေးတာ မျိုး။ ‘စားသွားဦးေ လ…’ဆိုပြီး စေတနာနဲ့ပဲ ကျွေးသလိုလို အလကားကျွေးတော့မလိုလို မြှူဆွယ်ကြ တာမျိုးတွေဟာသိသိသာသာကို လှိုင်နေပြီ။ ပိုဆိုးတာက ကျွန်တော်တို့ လမ်းထဲက   ဈေးသည်တွေဟာ အချင်းချင်းအရင်တုန်းကလို ရင်း ရင်းနှီးနှီး ခေါ်ခေါ်ပြောပြော တောင် မရှိကြတော့ဘဲ ‘အကြံတူ ရန်သူဖြစ်’ဆိုသလိုဖြစ်လာတော့ တာပေါ့။တစ်ယောက် နဲ့ တစ်ယောက် ကြည့်တာတောင် ရဲရဲတင်းတင်း တည့်တည့်မတ်မတ် ကြည့်တာမျိုး မဟုတ်ဘဲ သံသယစွန်းတဲ့ မျက်လုံး တွေနဲ့ ခပ်ဆတ်ဆတ် ကြည့်နေတတ် ကြတာ။ အဲဒီအပြင် ဈေးသည်တွေ ဟာ အမျိုးသမီးတွေပီပီ ကိုယ့်ဆိုင် ကိုရောက်လာတတ်တဲ့ ဖောက်သည် တွေနဲ့ ရောက်တတ်ရာရာစကား တွေကို ပြောကြဆိုကြရင်း တစ်ဦး အကြောင်းကို တစ်ဦးကဖောက် သည်ချ။ ကြားတစ်ချက် မကြားတစ် ချက် စောင်းပါးရိပ်ခြည် ပြောကြ တော့ အခြေအနေကတော် တော့်ကို တင်းမာလာပြီ။ဒီလမ်းထဲ မှာ အခုလို မီးခိုးအူ ပြီး တငွေ့ငွေ့လှိုက်လောင်နေတဲ့ အခြေအနေကို လေပင့်ပေးလိုက်တဲ့ ပြဿနာတစ်ခုကလည်း လိပ်စာနဲ့ တကွ တိတိကျကျ ကို ရောက်လာခဲ့ သေးတာ။   ဖြစ်ပုံက တစ်နေ့မနက် စောစောမှာ နေတောင်ထွက်မယ်မှ မကြံသေးဘူး။ မရီနဲ့ နီနီဝင်းတို့ ဟာ  တစ်ယောက်နဲ့တစ်ယောက် အော် ကြဟစ်ကြ ပြောကြဆိုကြနဲ့ ရန် ဖြ စ်ေ နလိုက်ကြတာများ တစ်လမ်း လုံးက ထွက်ပြီးကြည့်ကြရတဲ့အထိ။ ပြဿနာရဲ့ရင်းမြစ်က နီနီဝင်းရဲ့ ဆိုင်ခုံကလေးသွင်သွင်ကျိုးနေရာက စတာပဲ။ထုံးစံအတိုင်း နီနီဝင်းက သူ့ ထမင်းကြော်ဆိုင်ကလေး ဖွင့်မလို့ လည်း လုပ်ရောဆိုင်ခုံကလေးက ဘယ်သူ့လက်ချက်မှန်းမသိဘဲ အပိုင်းပိုင်းကျိုးပြီး မြေကြီးပေါ်မှာ ပုံနေခဲ့တာလေ။ ဒီတော့ နီနီဝင်း က ဒေါသတကြီးနဲ့ အနီးစပ်ဆုံးရန်သူကို ရှာတော့ သူဆိုင်စဖွင့်ကတည်းက ကျေနပ်ပုံမရတဲ့ မရီရဲ့လက် ချက်ဆို ပြီး မရီကို ပြဿနာရှာပါလေရာ။ မရီကလည်း ဘုရားတစ် ဆူတည်း မ ကဘဲ နှစ်ကျိပ်ရှစ်ဆူ ဘုရားအား လုံး စူးပါစေတော့ဆိုပြီး ကြောက်ခ မန်းလိလိ ကျိန်ဆိုပြီး ပြောတာတောင် နီနီဝင်းက ကျနပ်ပုံမရဘူး။ နောက်ဆုံးမှာ နှစ်ဦးနှစ် ဖက် ပိုမိုတင်းမာလာ ခဲ့ပြီး သတ်ကြပုတ်ကြတော့မယ့် အခြေအနေထိ ရောက်လာလို့ လမ်းလူကြီးက လာပြီး ဖြေရှင်းပေး ရတဲ့အထိ။ခက်တာက တရားခံအစစ်က ဘယ်သူ ဘယ်ဝါမှန်း တိတိကျကျ မပြောနိုင်တော့ လူကြီးတွေအနေနဲ့ ဘယ်လိုမှ အရေးယူပေးလို့မရဘူး ဖြစ်နေတယ်။ နီနီဝင်းက မရီပါလို့ ဘယ်လောက်ပဲ လက်ညှိုးထိုးထိုး သက်သေသက္ကာယ ခိုင်ခိုင်မာမာ မပြနိုင်ဘူးကိုး။ ဒါကြောင့် သူလိုလို ကိုယ်လိုလိုနဲ့ ပြီးသွားရတာပဲ။ နောက်ညတွေကစပြီး  ဈေး သည်တွေဟာ တစ်ယောက်နဲ့တစ်   ယောက်ယုံကြည်မှုတွေပါ ကင်းမဲ့ လာကြပြီး ဆိုင်ခုံတွေအပေါ်မှာ စောင့်အိပ်တဲ့သူကအိပ်။ မအိပ်တဲ့ သူတွေကလည်း သူတို့ရဲ့ ခနော်နီခ နော်နဲ့ ဆိုင်ခုံကလေးတွေကို ခြံထဲ ထည့်သိပ် တဲ့သူကသိပ်။ အဲဒီလိုမှ မဟုတ်သေး ရင် ညကြီးမင်းကြီး ‘အဟမ်း.. အဟမ်း…’လုပ်ပြီး ဓာတ်မီးနဲ့ ဟိုထိုးသည်ထိုးလုပ်ရင်း လမ်းက လေးရဲ့ အသွင်သဏ္ဌာန်ဟာ ည ဘက်မှာတောင် တစ်မျိုးတစ်ဖုံ ထူး ခြားလာပြန်တယ်။ တချို့ညတွေမှာဆိုရင် တစ် ယောက်ယောက်က မတော်တ ဆ သူတို့ရဲ့ ဆိုင်ခုံကလေးတွေကို ထ ကြည့်ရင်း အချင်းချင်း အမှတ်တမဲ့ ဆုံမိကြရင် မသင်္ကာသလိုလို၊ မလုံ မလဲလိုလိုနဲ့ ဖြစ်ကြပြီး မိုးလင်း ပေါက် မအိပ်ကြရတဲ့ အခြေအနေု အထိကို ဖြစ်လာကြတော့တာ။အဲဒီကြား ထဲမှာ အမှန်တကယ် ဒုက္ခရောက်ရတာက ဘာကိုမှမ ရောင်းဘဲ အားလုံးနီးနီးကို ဝယ် ခြမ်းအားပေးနေတဲ့ ကျွန်တော်တို့ တွေပဲ။ ဘာဖြစ်လို့လဲဆိုတော့ နေ့ လယ်နေ့ခင်းမှာ လမ်းထဲက ဖြတ်မ လျှောက်ရဲရုံတောင် မကတော့ဘူး။ အခုဆိုရင် ညရေးညတာ တစ်ပိုတစ် ပါး ထသွားရမယ့် ကိစ္စတွေမှာတောင် တော်ရုံတန်ရုံ မထရဲလောက်အောင်   ဖြစ်နေပြီ။ မတော်တဆ ကိုယ့်ကိုပါ သံသယတရားခံစာရင်းထဲ ဆွဲသွင်း ထားမှ ဒုက္ခလေ။
—***—
အခုဆိုရင် လမ်းကလေးထဲ  က ဈေးသည်တွေဟာ ဆက်ဆံရေး တွေအပြုအမူတွေ ဘယ်လောက် ပြောင်းပြောင်း လုံးဝမပြောင်းလဲကြ တဲ့သူတွေလည်း ရှိသေးတယ်။ အဲဒီ လူတွေက မြမူရဲ့ဆိုင်ကနေထိုင်ပြီး အာလာပသလ္လာပ ပြောဆိုနေကြတဲ့ အမျိုးသမီးတွေပဲ ဆိုပါတော့။ သူတို့ ကတော့ အစဉ်အလာမပျက်ရှိနေ တုန်းပဲ။ပိုပြီးဆိုးတာ က လမ်းထဲမှာ ရှိ ရင်းစွဲဆိုင်တွေအပြင် တခြားဆိုင် တွေလည်း ဒီရေတိုးသလို တရိပ်ရိပ် တိုးလာကြတာ။ မပြီးနိုင် မစီးနိုင် အောင်ပါပဲ။ နောက်တိုးဆိုင်တွေ အထဲမှာ ဘိန်းမုန့် ဆိုင်တွေ၊ ထမင်း ဖြူဆိုင်တွေ၊ ရခိုင်မုန့်တီ၊ ကောက် ညှင်းပေါင်း၊ မုန့်လင်မယား၊ အသား ကင်၊ ကြာဇံချက်၊ လက်ဖက်သုပ် ဆိုင်တွေအပြင် လယ်ကွင်းထဲကအပြေးခူး ပြီး ဖြစ်သလိုစည်းရောင်း တဲ့ ကန်စွန်းရွက်သည်ပါ ရောက်လာ တော့တာပဲ။ ဒီတော့ ဈေးတန်းက လေးရဲ့ အခြေအနေဟာ ရောင်း သူတစ်ရာ ဝယ်သူတစ်ယောက်ဆိုတဲ့ အခြေအနေမျိုးအထိကို ဖြစ်လာ တော့တာ။ကြာလာတော့ဈေးသည်တွေ ဟာ တငုတ်တုတ်တုတ်နဲ့ ဟိုလူ့ကြည့် ဒီလူ့ကြည့် ဖြစ်ကုန်ရော။ နောက်ဆုံး မှာ သူ့ဆိုင်ကပစ္စည်း ကို ကိုယ်က ရှေ့မျက်နှာနောက်ထားပြီး သွားဝယ် ရတယ်။ ကိုယ့်ဆိုင်က စားသောက် ကုန်ကိုလည်း သူက အားတုံ့အားနာ သဘောမျိုးနဲ့ ပြန်အားပေးရင်း ကျားကန်နေရေ တာ့တာပဲ။ဒါပေမဲ့ ဈေးသည်တွေနဲ့ ဆန့် ကျင်စွာ သိသိသာသာအခြေအနေ ကောင်းနေပုံရတဲ့ မိန်းမတစ် ယောက်ကိုတော့ ညနေဘက်တွေ မှာ ကျွန်တော်တွေ့တွေ့နေရ တယ်။ သူ့လက်ထဲမှာ သားရေအိတ်က လေးတစ်လုံးပါလာတတ်တယ်။ အဲဒီအိတ်ထဲမှာ စာရင်းစာအုပ်၊ ဘောလ်ပင်တွေအပြင် ပိုက်ဆံခပ် နွမ်းနွမ်းလေးတွေလည်း အပြည့် ပဲ။ သူလာရင် အဝေးကတောင်မြင်နိုင် ပါရဲ့။ မှားစရာမရှိတဲ့ သူ့လမ်း လျှောက်ပုံက ကွတတရယ်။ ဝတ် ထားစားထားတာတွေက မသိရင် ရတနာအမှိုက်ပုံကြီးလို တစ်ကိုယ် လုံး ရှုပ်ယှက်ခတ်နေတော့တာ။လက်ထဲကလက်ကောက်တွေဟာ လည်း တစ်နေ့ကို တစ်ကွင်းလောက် များတိုးနေသလားလို့ ကျွန်တော် စဉ်းစားမိတယ်။ လည်ပင်းမှာ ချိတ်ထားတဲ့ ကြိုးတွေကလည်း တစ် ဆုပ်ကြီး။ တစ်ခုတည်းသာ အသုံးချ လို့ရတဲ့ နားရွက်ဖျားမှာတော့ တစ်နေ့ကို အရောင်တစ်မျိုးခြယ်လို့ ပေါ့။ သေချာတာက ဒီလမ်း ကလေး ထဲမှာရှိတဲ့ ဈေးဆိုင်တွေထဲမှာ ပြုတ်သွားတဲ့ဆိုင် ရပ်သွားတဲ့ဆိုင် ရယ်လို့တော့ မရှိသေးဘူး။ အရင် တုန်းက တစ်ယောက်ကိုတစ်ယောက် အတင်းပြော၊ မေးငေါ့ မျက်စောင်း ထိုးနေကြတဲ့သူတွေဆိုတော့ နောက် ကွယ်မှာ အရှက်ကွဲ မခံနိုင် ကြတာ လည်းပါမယ်လို့ ကျွန်တော်ထင် တယ်။ တချို့မျက်နှာနာရတဲ့ ဖောက် သည်တွေဆိုရင် လမ်းထဲကတောင် ဖြတ်မလျှောက်ရဲကြတော့ဘူး။ ယုတ် စွအဆုံး ဈေးသွားဈေးပြန်ကိုတောင် လမ်းရဲ့ အနောက်ဘက်ကပတ်ပြီး ဒီ့ပြင်လမ်းကနေ ထွက်ကြဝင်ကြရတဲ့ အထိ။ ဈေးဝယ်တွေက ဘယ်လောက် ပဲ ကသိကအောက်ဖြစ်နေပါစေ မြမူဆိုင်မှာ အားပေးနေကြတဲ့ အမျိုးသမီးတွေကတော့ ဝတ္တရား မပျက် ရောက်လာနေကြတုန်းပဲ။ သူတို့ရဲ့ အားသန်ရာကိစ္စတွေဖြစ် တဲ့ တစ်လုံးနှစ်လုံးသုံးလုံးအကြောင်း ကို အာပေါင်အာရင်းသန်သန် ပြော ဆိုနေကြတုန်းပဲ။ ပိုပြီးစည်ကားလာ စေတာက တစ်ခါတလေ မှာ အဲဒီ ဝိုင်းကို ထမင်းကြော်ရောင်းတဲ့ နီနီ ဝင်းတို့၊ အသုပ်သည် သန်းသန်း နွဲ့တို့ ဘိန်းမုန့်ရောင်းတဲ့ ဦးစိုးကြီး တို့လည်း ရောက်လာတတ်တယ်။ ခက်တာက မြမူရဲ့ဆိုင်ကို လူတွေ ကသာ လာကြတာ။ လက်ဖက်ရည် ဆိုလို့ လူစုံမှ ရောင်းရလှသုံးခွက်ပဲ။ ရေနွေးကြမ်းသာ သုံးအိုးလောက် ကုန်ချင်ကုန်သွားတတ်တာ။
ဖြစ်ချင်တော့။
တစ်နေ့မနက်စောစောမှာ ခုန လူတွေထဲက တစ်ယောက်စ နှစ် ယောက်စ ရောက်ရောက်လာ ပြီး သိသိသာသာလူစုံနေတဲ့အချိန်။
အဲဒီအချိန်မှာ ကောင်မလေး တစ်ယောက်ဟာ လမ်းထိပ်ကနေ တရွေ့ရွေ့ဝင်လာတယ်။
မိန်းကလေးတစ်ယောက် လမ်း ထိပ်ကဝင်လာတာဟာ ဘာမှအထူး အဆန်းမဟုတ်ပေမယ့် အားလုံးက တော့ စိတ်ဝင်တစား ကြည့်နေကြ တာပဲ။ သေချာတာက အဲဒီေ ကာင်မ လေးရဲ့ပုံစံဟာ ခေတ်မီလှပအောင် သေသေချာချာ ပြင်ဆင်ထားတယ် ဆိုတာကိုလည်း အဝေးကနေ တောင် သိသာလှတဲ့ အခြေအနေ မျိုး။ မိန်းကလေးက   ဒေါက်မြင့် ဖိနပ်ခပ်ချွန်ချွန်ကိုစီးပြီး ကြောင်မ လေးတစ်ကောင်လို ကနွဲ့ကလျ လျှောက်လာတယ်။ စကတ်ကတော့ ဒူးရဲ့အထက် တစ်ထွာပတ် ဝန်းကျင် လောက်မှာရှိမယ်။ ကုန်ကုန်ပြောရ ရင် ဒီဘက်ခေတ်ကိုရီး ယားစတိုင် ဆိုပါတော့။ အဲဒီစကတ်တိုတိုရဲ့ အောက်မှာ ဆင်စွယ်နှစ် ချောင်းလို ထိုးထွက်နေတဲ့ ဖွေးဖွေး လက်လက် ပေါင်တံနှစ် သွယ်ကိုလည်း တွေ့နေ ရတာက မြင်သူ တိုင်းအတွက် ရင်ခုန်ချင်စရာ။ခါးအထက်ပိုင်းမှာတော့ အင်္ကျီနဲ့စကတ်ကြားမှာ လက်ငါးလုံး စာလောက် ဟနေတဲ့ ဗိုက်သားတွေ ကလည်း  မြင်ရသူတွေအဖို့ ကလူ ၏သို့မြှူ၏သို့ပေါ့။ အင်္ကျီကတော့ အလွယ်တကူ အောက်ကို ပြုတ်ကျ မသွားအောင် ကြိုးသေးသေးမည်း မည်းကလေးနဲ့ ပခုံးနှစ်ဖက်မှာ ချိတ် ထားရတယ်။ ပြီးတော့ နားနှစ်ဖက် မှာ တွဲလဲခိုနေတဲ့ နားကွင်းကြီးတွေ ကလည်း သူ့ပခုံးကို ထိလုမတတ်။ မျက်နှာကတော့ နဂိုလှပြီးသားရုပ် ကို လိုအပ်တဲ့ ကာလာစုံ နဲ့ မွမ်းမံ ဖြည့်စွက်ထားတာဆိုတော့ မိုးပေါ် က ရုတ်တရက်ကျလာတဲ့ နတ်မိ မယ်တစ်ပါးလိုဖြစ်နေတယ်။ဒါကိုအားပေးနေကြတဲ့ မိန်းမ တွေကလည်း မိန်းမချင်း တောင် အသက်မှရှူရဲ့လားလို့ သံသယဖြစ် စရာ။ ပါးစပ်တွေက အဟောင်းသား နဲ့။ ကောင်မလေးကလည်း သူ့ကိုလူ တွေ ဒီလောက် ဝိုင်းကြည့်နေတာ တောင် လုံးဝဟန်ချက်ပျက် မသွား ဘူး။ တစ်လှမ်းချင်းတစ်လှမ်း ချင်း ပဲ။ လက်ဖက်ရည်ဆိုင်ကိုကျော်ပြီး ခပ်လှမ်းလှမ်းကို ရောက်သွားတော့ မှ မိန်းမတွေအထဲက တစ်ယောက် ယောက် ခပ်အုပ်အု ပ်ပြောလိုက်တဲ့ စကားသံတစ်ခုက ကျွန်တော့်နားထဲ ကို လှစ်ခနဲ ရောက်လာတယ်။
”အဲဒါ…ဦးမြမင်းရဲ့သမီး မဟုတ်လား…”
”ဟုတ်တယ်လေ…သန္တာစိုး ပေါ့။”
”ဟိုတစ်လောက  လင်နောက် လိုက်ပြေးသွားတာ သူမဟုတ် လား….”
”အေးလေဟယ်…နင် မသိသေးဘူးလား …။ သိပ်မကြာ သေးဘူးလား…၊ ကောင်လေး ဘက်က သဘောမတူလို့ ခွဲလိုက် တာ….”
”ဒါဆိုရင် အခု အဲဒီကောင်လေး နဲ့ ….ပေါင်းနေတုန်းပဲ လား…”
”ဘယ်ကလာ ပေါင်းရမှာ လဲ…။ ကေတီဗီမှာ သီချင်းဆို နေသလိုလို…၊ အလှပြင်ဆိုင်မှာ လုပ်နေသလိုလိုကြားရတာပဲ။ ညနေခြောက်နာရီလောက်ဆိုရင် ဖုန်းလေးတစ် လုံး လက်ကကိုင်ပြီး ထွက်သွားတတ်တာ နင်တို့ မတွေ့ ဘူးလား…။ အခု …ဒါ … ပြန်လာတာလေ…”
”ဟင်…ဟုတ်လား။ နှမြော စရာလေးနော်…ရုပ်ရည်လေးက ချစ်စရာလေး…”
အားလုံးကတော့ ကောင်မ လေး ကျောကွယ်တဲ့အထိ လိုက် ကြည့်နေကြတုန်းပဲ။ နှုတ်ကလည်း ပြောနေဆိုနေကြတုန်းပဲ။ အဲဒီ မိန်းမတွေဝိုင်းကို ကျွန်တော်လှမ်း ကြည့် လိုက်တော့  ထူးထူးခြားခြား အခြေအနေတစ်ခုကို သတိထား လိုက်မိတယ်။ အဲဒါက တခြားမဟုတ် ဘူး။ တောက်ပလွန်းတဲ့ သူတို့တွေ ရဲ့ မျက်လုံးတွေပဲလေ။ အဲဒီမျက် လုံးတွေဟာ ကျွန်တော့်အထင် တော့ တဖျပ်ဖျပ်တောင် လှုပ်ခတ် နေသလိုပဲ။
သေချာတာက ဒီမျက်လုံးမျိုး တွေကို ကျွန်တော်သေသေချာချာ တွေ့ဖူးတယ်။ ကုန်ကုန်ပြောရရင် ဒီဆိုင်ကလေးမှာထိုင်ရင်း နေ့တိုင်း နီးပါးကို တွေ့ဖူးနေတာ။
ဟုတ်တယ်…။
ဒီလိုမျက်လုံးတွေကြောင့်ပဲ ကျွန်တော်တို့လမ်းထဲမှာ ဈေးဆိုင် တစ်ဆိုင်ကနေ တစ်တန်းကြီးဖြစ် သွားခဲ့တာ။ အခုလည်း ကြည့်နေကြ ပြန်ပြီ။ဒီနေရာမှာ ကျွန်တော် စဉ်း စား  မိတာက လက်ဖက်ရည်ဆိုင်ကမိန်း မတွေဟာ ကောင်မလေးရဲ့ ကံမ ကောင်းလှတဲ့ အိမ်ထောင်ရေးအခြေ အနေကို စိတ်ဝင်စားကြတာလား။ ဒါမှမဟုတ် အဲဒီကောင် မလေးရဲ့ လုပ်ငန်းကို စိတ်ဝင်စားလို့ လိုက် ကြည့်နေကြတာလားဆိုတာ သူတို့ မှပဲ သိတော့မယ်ထင်ပါရဲ့။ဒါပေမဲ့ ကျွန်တော်ကတော့ ဈေးတန်းကလေးလိုဖြစ်နေတဲ့ လမ်း ကလေးကို ငေးကြည့်ရင်း သက်ပြင်းမောတစ်ခုကို ဟူးခနဲ မှုတ်ထုတ်လိုက်မိတယ်။
မောင်နှင်းပန်း 
(ရတီမဂ္ဂဇင်း ၊ ဖော်ဖော်ဝါရီလ ၊ 2012)

No comments:

Post a Comment