Sunday, December 9, 2012

ရင်ခုန်တမ်းချင်း

သူမ စိတ်ကို လျှော့ချလိုက် သည်။
နံရံကို ကျောဖြင့်မှီရင်း မျက် လုံးအစုံကို ဇွတ်အတင်း မှိတ်ထား လိုက်ရသည်။ ရင်တစ်ခုလုံး နုံးချည့် နွမ်းလျလာ၏။ ထုံးစံအတိုင်း သူက တော့ပြန်ရောက်မလာသေး။ ဒူးအစုံ ကို လက်နှစ်ဖက်နှင့် သိုင်းယှက်ကာ နာရီကို မော့ကြည့်တော့ စက္ကန့်တံ တွေကမပျင်းမရိ ရွေ့လျားနေသည်။ နာရီမြားက ဆယ့်နှစ်ဂဏန်းကို ညွှန်းဆိုနေသော် လည်း မိနစ်တံက တော့ ဆယ့်တစ်နာရီ၏အရိပ်ကို ခိုတွယ်နေသည်။ မကြာခင် မြည်လာ တော့မည်ဖြစ်သည့် နာရီတီးသံက သူမ၏ ရင်ကို ထိုးနှက်ရိုက်ပုတ်ကာ ဟား တိုက်သရော်လိမ့်ဦးမည်။
တဖြည်းဖြည်းနှင့် ညှိုးခြောက် သွေ့ဝါလာသော အတွေးစက်ဝန်းကို တစ်ပတ်လှည့်ပြီး ကျရာအဖြေကို မျှော်တွေးတော့ ‘ဒီနေ့ ဘောလုံးပွဲ ရှိလို့များလား’ဟု ဆင်ခြင်မိသ ည်။ ဒါလည်းမဖြစ်နိုင်။ ဒီနေ့က တနင်္လာ နေ့မို့ တစ်ကမ္ဘာလုံးတွင် ဘာဘောလုံးပွဲမှမရှိကြောင်း သူမ ကောင်း ကောင်း သိသည်။ ဒါဆိုလျှင် သူမ၏ခင်ပွန်းသည် သူ့သူ ငယ်ချင်း တစ်ဦး ဦးနှင့်အတူ ထုံးစံအတိုင်း အချိန်တွေ ကို အယ်လ်ကိုဟောနှင့် ရောစပ် သောက်သုံးရင်း သူမကို မေ့နေခြင်း သာဖြစ်ပါလိမ့်မည်။ တစ်လောကလုံး ရှိ
လူသားအားလုံး၏ အိပ်မက်တွေ နိဂုံးချုပ်ချိန်ရောက်မှ သူက ထိုဆိုင်မှ အားတုံ့အားနာနှင့်ထမည်။ ပြီးလျှင် အိမ်ကို တိုးတိုးတိတ်တိတ်နှင့်ပြန်လာ ပြီး သူမဘေးတွင် အသာဝင်လှဲကာ စိတ်လွတ်လက်လွတ် အိပ်ပစ်လိုက် လိမ့်မည်။
 ထိုအခါ အိမ်မှုကိစ္စတွေကို တစ်နေကုန်တစ်နေခန်း အောက်ခြေ သိမ်းလုပ်ခဲ့ပြီး မောပန်းနွမ်းနယ်မှု တွေကို တစ်နေရာမှာ ချည်နှောင်၍ ခင်ပွန်းဖြစ်သူကို စောင့်နေရ သည့် သူမ၏ဒုက္ခကို သူနားလည်မည် မဟုတ်။ မိန်းမတစ်ယောက်၏ အိမ် ထောင်ရေးနှင့်ပတ်သက်သော တောင့်တချက်၊ မျှော်လင့်ချက်စ သည့် ရင်ခုန်လှုပ်ရှားမှုတို့ကို သူသိ လိမ့်မည်မဟုတ်ပါ။ သူမရင်ထဲက အထုလိုက် အထည်လိုက်ရှိနေသော မွန်းကျပ်တစ်ဆို့မှုတွေကို သက်ပြင်း မောတွေအဖြစ် အသွင်ပြောင်းကာ လေထုတွင်းသို့ တွန်းလွှတ်ပြီး မသိမသာ ချေဖျက်ပစ်နေရသည်။

Friday, November 23, 2012

လက်ညှိုးညွှန်ရာ


တစ်နေ့ တွင် အလုပ်မှ အနား ယူ ခွင့် ရသဖြင့် ကျွန်တော့် ၏ သားသမီး များ နှင့် အတူ စိတ်ပါ လက်ပါ ဆော့ ကစား နေမိ ပါသည်။
သားကြီးက ရှစ်နှစ် ခန့်ရှိ နေပြီ ဖြစ်သော်လည်း သမီးငယ် ကတော့ ဆယ်လ ခန့်သာ ရှိပါ သေးသည်။ သမီးငယ်သည် လမ်းစမ်း၍ လျှောက်တတ်ခါစ အရွယ် ဖြစ်သောေ ကြာင့် တခစ်ခစ် ရယ်မော ကာ ဒယိမ်း ဒယိုင် ခြေလှမ်း များဖြင့် အိမ်ရှေ့မှ အိမ် နောက်၊  ခြေရင်း မှ ခေါင်းရင်းထိ ဗြောင်း ဆန် နေအောင် ဆော့ ကစား နေခဲ့ သည်။

ထိုကလေး နှစ်ယောက် နှင့်အတူ ကျွန်တော် ကိုယ်တိုင်လည်း ပါဝင် ဆော့ကစား ရင်း အတန်ငယ် မောလာ သောကြောင့် သားကြီးကိ ပြောပြ၍ ရနိုင် သော်လည်း သမီးငယ် ကိုတော့ အာရုံလွှဲရန် ကြိုးစား ရတော့သည်။ ထို့ကြောင့် သမီးငယ်ကို လက်ညှိုးထိုးကာ“ထိုင်”ဟု မာမာတင်းတင်း ဆိုလိုက် မိပါသည်။ စကားပင် မပြောတတ် သေးသော ကျွန်တော့် သမီးက “ထိုင်” ဆိုသော ဝေါဟာရကို ရေရေ ရာရာ နားလည် ပုံမရ။ ကျွန်တော်နှင့် လက်ညှိုးကိုသာ ကြောင်ကြောင် ငေးငေးနှင့် ပြန်ကြည့် နေခဲ့သည်။ ကျွန်တော်က သမီးငယ်ကို၊ နောက်တစ်ကြိမ် လက်ညှိုး ညွှန်၍“ထိုင်”ဟုဆိုလိုက် မိပြန်သည်။

သည်အခါတွင် သမီးငယ်က၊ လက်ခုပ်လက် ၀ါးတီးရင်း ဟက်ဟက် ပက်ပက် ရယ်မောကာ “ဗိုင်း”ခနဲ  ထိုင်ချ လိုက်ပါသည်။ ပြီးနောက် ကျွန်တော်က မတ်တတ် ရပ်ခိုင်း ပြန်သည်။ ကလေးက လိုက်ရပ်သည်။ ထို့နောက် ထိုင်ခိုင်းသည်။ ထိုင်သည်။ ထခိုင်းသည်။ ပြန်၍ ထသည်။ သည်တော့မှ သမီးငယ်ကို ညွှန်ထားသော ကျွန်တော့် လက်ညှိုးကို သေသေချာချာ စေ့စေ့ ကြည့်မိရင်း၊ အာရုံထဲသို့ အတွေး တစ်ခု ၀င်လာခဲ့ပါသည်။
လက်ညှိုး တစ်ချောင်းသည် မည်မျှ အစွမ်းထက်၍၊ မည်သည့် အခြေအနေ အထိ စွမ်းဆောင် နိုင်ပါ သနည်း။ လူ မှန်းသိတတ်စ လူမမည် လေးကိုပင် ညွှန်ကြားနိုင်လျှင် အသိတရား ကြီးမားသော လူကြီးများ ကိုရော၊ ညွှန်ကြား နိုင်ပါသလား။ ထိုသို့ ညွှန်ကြား မည်ဆိုလျှင် မည်သည့် လိုအပ်ချက် တွေ ရှိနေနိုင် ပါသနည်း။ အစရှိ သည့်မေးခွန်း တွေက၊ ကျွန်တော့် အသိထဲတွင် အစဉ်လိုက် သွယ်တန်း လာခဲ့သည်။

လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှု၊ ဦးဆောင်မှု၊ ဆက်သွယ် မှုထဲတွင်၊ အခြားသော လူတစ်ယောက် အတွက် မည်မျှအထိ အကျိုးရှိပြီး၊ မည်မျှအထိ အကျိုးယုတ် သွားစေ နိုင်ပါသနည်း ဟုလည်း ဆင့်ပွား တွေးတော မိပြန်သည်။ ကျွန်တော့် အနေဖြင့် ပထမဦးစွာ သတိထား မိလာစေသည့်လက်ညှိုး တစ်ချောင်းမှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးကို အကျွတ် တရားရစေသည့် ဂေါတမ ဘုရားရှင်၏ လက်ညှိုးတော် ပင်ဖြစ်သည်။ ထိုလက်ညှိုးတော်၏ ညွှန်ပြမှုကြောင့် သတ္တ၀ါ အားလုံးအတွက် လောက အမိုက် မှောင်ကို ဖယ်ခွင်း သိမြင်နိုင်သည့် သစ္စာတရားကို ရရှိခဲ့ ကြပါသည်။

သို့သော် လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှုကြောင့် ဂျူးလူမျိုးခြောက် သန်းကျော် သေကျေ ပျက်စီးခဲ့ရသော ဟစ်တလာ၏ လက်ညှိုး မျိုးကိုတော့ ကျွန်တော် မနှစ်မြို့နိုင်ပါ။ ထိုနည်းတူ လက်ညှိုး တစ်ချောင်း၏ မှားယွင်း မှုကြောင့် ဗိမ္မိသာရ မင်းကြီးနတ်ရွာ လားခဲ့ရသလို၊ အဇာတသတ် မင်းသားလည်း ငရဲကို သွားခဲ့ရ ပြန်သည်။ ထိုလက်ညှိုးကို အသုံးချခဲ့သည့် ဒေ၀ဒတ် ကိုယ်တိုင်လည်း မဟာပထ၀ီ မြေကြီး၏ ဆုပ်ခြေ ၀ါးမျိုမှုကို ခံယူခဲ့ ရပါသည်။

ထို့ကြောင့် လက်ညှိုးတစ်ချောင်း၏ နောက်တွင် သုံးစွဲသူ၏ စိတ်နေ သဘောထား၊ ကိုယ်ကျင့်တရား၊ တာဝန် ယူမှု၊ ဦးဆောင်နိုင်မှု၊ စေတနာ အစရှိသည့် စေတသိက် တွေလည်း မြောက်မြားစွာ ရောနှော ပျော်ဝင်နေမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထို့ကြောင့် လက်ညှိုးတစ်ချောင်းသည် လူတစ်ယောက် အတွက်၊ ပတ်ဝန်းကျင် တစ်ခု အတွက်၊ လူ့အဖွဲ့အစည်း အတွက်၊ တိုင်းပြည်တစ်ခု အတွက်၊ ယုတ်စွအဆုံး၊ လူ့ မျိုးဆက် တစ်ခုလုံး အတွက် ကြောက် ခမန်းလန့် ခမန်း တန်ခိုးကြီး အသုံးဝင် နေသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်း လှပါသည်။

Saturday, August 11, 2012

မိုးခါးရေ


နေ့စဉ်နှင့် အမျှ ဘတ်စ်ကား စီးရသည့် ဒုက္ခကို ကျွန်တော် စိတ်ညစ်လှပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် မစီးချင်တော့။
ကိုယ်က ကျူရှင်ဆရာ ဆိုတော့ စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။ ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့် အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။

တစ်နေရာရာကို  စာသင် သွားရတော့မည် ဆိုလျှင်  ကိုယ်က အချိန်အတိအကျ  ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ  ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။

Thursday, May 24, 2012

လှည်း

ကြာတော့လည်း ကြာခဲ့ပါပြီ။ တိတိကျကျ ဆိုရရင် အခု အဖြစ် အပျက်ကလေးဟာ နှစ်ပေါင်း အစိတ် (နှစ်ဆယ့်ငါးနှစ်)ကျော်ကျော် လောက် ရှိရောပေါ့။ ပုံပြင် တစ်ပုဒ် ဆိုရင်တော့ “ဟိုး ရှေးရှေးတုန်းက” လို့တောင် ဆိုနိုင်တဲ့ အနေအထားကို မရဲတရဲ ချောင်းကြည့်လို့ ရပြီ ဆိုပါတော့။

အဲဒီတုန်းက မြို့ကလေး တစ်မြို့ရှိတယ်။ အဲဒီ မြို့ကလေးမှာ ရပ်ကွက်ကလေး တစ်ခုလည်း ရှိတယ်လို့ ဆိုနိုင်ပါတယ်။
_ _ _
ကိုစိန်တွဲဆိုတာ အဲဒီ ရပ်ကွက်ကလေးရဲ့စီးပွားရေး ဈေးကွက်ကို ကြေကြေညက်ညက် သိနေသူလို့ ဆိုကြတယ်။
အရင်ကတော့ သူလို ကိုယ်လို ထူးမခြားနားပါပဲ။ နောက်ပိုင်းကျတော့ နည်းနည်းလေး ချောင်လည်လာတယ်။ အခုဆိုရင် တစ်ရပ်ကွက်လုံးမှာ ရှိတဲ့ စီးပွားရေး တောင့်တင်းသူတွေ စာရင်းထဲမှာတောင် ပါလာပြီလို့ အတွင်းသိတွေက ဆိုကြတယ်။

သာမန် လက်လုပ် လက်စား ဘ၀ကနေ ကိုစိန်တွဲတို့ ကံထ လာပုံကိုလည်း ကြည့်ဦး။ ဘယ်ကနေ ဘယ်လို အဆက်အသွယ် ရသွားတယ် မဆိုနိုင်ဘူး။ မြို့ကလေးရဲ့အစွန်မှာ ရှိတဲ့ လေယာဉ်ကွင်းက စွန့်ပစ် ပစ္စည်းတွေကို လေလံ ရလာတယ်။ စွန့်ပစ် ပစ္စည်းတွေဆိုတာ တခြား မဟုတ်ဘူး။ လေယာဉ်ကွင်းရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကနေ စွန့်ပစ်လိုက်တဲ့ စားသောက်ဆိုင်တွေကို ဆိုလိုတာ။ အတိအကျ ပြောရရင် ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေ ဆိုပါတော့။

အဲဒီ ပစ္စည်းတွေ အတွက် ကိုစိန်တွဲက မနက်လေးနာရီ ဆိုရင် လက်တွန်းလှည်း တစ်ခုကို ဂျောက်ဂျက်မြည်အောင် တွန်းရင်း ထွက်သွား တတ်တယ်။ သူ့အဆို အရတော့ လေယာဉ်ကွင်းကို သုံးနာရီလောက် ကြာအောင် တွန်းရတယ်ဆိုပဲ။ ရောက်ပြီ ဆိုတာနဲ့ ခုနဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်လိုက်သိမ်း တော့တာပဲ။ တစ်ခါတလေ လေယာဉ်တွေပေါ်က စွန့်ပစ်ထားတဲ့ ပစ္စည်းတွေတောင် ပါလာတတ်တာပေါ့။ အဲဒါတွေကို ပလပ်စတစ် အိတ်တွေနဲ့ စုထည့်ပြီး လှည်းပေါ်တင်တွန်း လာတော့တာပဲ။ ရပ်ကွက်ထဲကို ဆယ်နာရီခွဲ ဆယ့်တစ်နာရီ ဆိုရင် ရောက်ပြီ။ ရပ်ကွက်ထဲက လူတွေကလည်း ကိုစိန်တွဲ လှည်းကြီး လမ်းထိပ်ကနေ ချိုးဝင်လာတာနဲ့ တစ်ပြိုင်နက် အနည်းဆုံးတော့ လှုပ်လှုပ်ရွရွ ဖြစ်လာကြတော့တာပဲ။

တချို့ မိန်းမတွေ ဆိုရင် အဲဒီလှည်းကြီး အိမ်ရောက် အောင်တောင် မစောင့်ဘဲ အတင်းကာရော ပြေးလိုက် လာကြတဲ့ သူတွေတောင် ရှိတယ်။ ဒါဟာ တစ်နေ့တည်း ကိစ္စ မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း ဒီအတိုင်း ဖြတ်သန်းနေကျ။ တစ်လမ်းလုံးရော တစ်ရပ်ကွက်လုံးပါ ယဉ်ပါးနေကျ ကိစ္စ။ သူ့ လှည်းကြီးကလည်း စိတ်ဝင် စားစရာကိုး။ အဲဒီ လှည်းပေါ်မှာ ပါလာတဲ အိတ်တွေထဲမှာ ဘာတွေပါလာမယ် ဆိုတာ ဘယ်သူမှ အတပ်သိတာ မဟုတ်ဘူး။ယုတ်စွ အဆုံး ကိုစိန်တွဲ ကိုယ်တိုင်တောင် မသိဘူး။

အရင် ပါလာနေကျ ပစ္စည်းတွေကတော့ ထုံးစံအတိုင်း ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေပါပဲ။ တစ်ခါတလေ ဆိုရင် ထူးထူးခြားခြား ကက်ဆက်တွေ တောင် ပါလာတတ်တာ။ အဲဒီ ကက်ဆက်တွေကလည်း အဟောင်းတွေ အပျက်တွေ မဟုတ်ဘူး။ ဓာတ်ခဲထည့်ပြီး ဖွင့်မယ်ဆိုရင် နှစ်လ၊ သုံးလ လောက်ကို ပျော့ပျော့ကလေး ဖွင့်လို့ ရနိုင်တဲ့ အဟောင်းတွေ။
ထားပါ . . .။

ခုန လူတွေက အဲဒီကက်ဆက် အထိတောင် စိတ်ဝင်စားနိုင် ကြတာ မဟုတ်ဘူး။ အဓိက အနေနဲ့ ဘာအစားအသောက်တွေ ပါလာမလဲ ဆိုတာလောက်ပဲ စိတ်ဝင်စားတာ။ အဲဒီ အစား အသောက်တွေနဲ့ ပတ်သက်ပြီး ဒီလူတွေ စိတ်ဝင်စားကြတာလည်း မပြောနဲ့လေ။ ဥပမာ “ကြက်သား”ဆိုတာ သူ့ခေတ် သူ့ အခါနဲ့ ကြည့်ရင် ဒီလူတွေ အတွက်က ပြဒါးတစ်လမ်း၊ သံတစ်လမ်း မဟုတ်လား။ မဖြစ်မနေ၊ တစ်ယောက်ယောက်က ပွပေါက် တိုးလာလို့ ဖြစ်ဖြစ်၊ လူမမာတစ်ယောက်က သွေးတောင်းလို့ ဖြစ်ဖြစ်၊ ဈေးထဲမှာ သွားရှာမိရင် ရှားရှားပါးပါး တစ်သည်လောက် ဆီမှာ အမြင့်ဆုံး ဈေးနှုန်းနဲ့ ပန်းပန်နေတတ်တာမျိုး။ ဒါတောင် လတ်လတ်ဆတ်ဆတ် ကြက်သန့်သန့် မဟုတ်ဘူး။ အနည်းဆုံး ရေနှစ်ကျပ်ခွဲသားလောက်တော့ ဓာတ်ပြုပြီးသားပဲ။ ဒီတော့ ၀ယ်သူ အနေနဲ့ ကျေနပ်နပ် မကျေနပ်နပ် အောင့်အည်းပြီး လက်ခံ ကြရတာ မဟုတ်လား။

နောက်တစ်ချက်က ဒီလိုသာမန် လက်လုပ်လက်စား ပျံကျရပ်ကွက် ကလေးမှာရှိတဲ့ သူတွေကရော ကြက်သားဆိုရင်“ဘယ်ပန်းချီ ရေးလို့မမီ” ဖြစ်နေတာဟာ ဘယ်မှာ လာဆန်းမှာလဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ဆင်းရဲခြင်းနဲ့ လည်ပင်းဖက် ပေါင်းသင်းလာတဲ့ ဒီလူတွေဟာ အခုလို ကိုစိန်တွဲ လှည်းကြီးနဲ့ အကြောင်းပါပြီး နောက်ပိုင်းမှာ ကြက်သားရဲ့ ဂုဏ်သိက္ခာဟာ လူတိုင်း မုန်းသွားရတဲ့ ကုန်ပစ္စည်းဘ၀ကို အလိုလို ရာထူး ကျသွားရတော့တာပေါ့။
_ _ _
ဒီလမ်းကလေးထဲမှာ မနက် ဆယ်နာရီခွဲ ဆယ့်တစ်နာရီရဲ့ လူအစည်ကားဆုံး အရပ်ကို ပြပါဆိုရင် ထုံးစံအတိုင်း ကိုစိန်တွဲရဲ့ အိမ်ရှေ့ပေါ့။ အဲဒီအချိန်၊ အဲဒီ နေရာမှာ၊ အဲဒီခေတ်ရဲ့ လူတန်းစား ပေါင်းစုံကို အသွင် သဏ္ဍာန်မျိုးစုံနဲ့ တွေ့ရလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဆိုပါတော့။

အဲဒီ အမျိုးသမီးတွေထဲမှာ ဆံပင် ဖွာလန်ကျဲနဲ့ ကပိုကရို မိန်းမတွေ ပါမယ်။ အရောင်အသွေး မှုန်မွဲမွဲနဲ့ အိုးမည်းနိုင်းချင်း ရုပ်တွေပါမယ်။ သနပ်ခါးရေကျဲ မျက်နှာ မည်းမည်းတွေပေါ်မှာ ရဲရဲ ထနေတဲ့ နှုတ်ခမ်းထူထူတွေ ပါမယ်။ နှပ်ချေးထူ လဗျစ်နဲ့ ကလေးတိုးလို့ တွဲလောင်းတွေ ပါမယ်။ နောက်ပြီး အလွယ်တကူ ရင်လျား ထားတဲ့သူတွေပါမယ်။ တချို့က အထဲမှာရှိတဲ့ ချွေးခံ ဘော်လီကိုတောင် မချွတ်နိုင်ဘဲ ရင်ဘတ်ပေါ် လုံချည်တင် စည်းထားသူတွေ၊ ဖိနပ်မပါတဲ့ သူတွေ၊ ဘောင်းဘီတိုတွေ၊ လုံချည် တိုတွေဆိုတာ မသိရင် ပါဖောမင့် ယိမ်းတိုက် နေသလိုမျိုးစုံမှစုံ။

Monday, April 2, 2012

မသာကိုယ်စားလှယ်

ကျွန်တော်တို့ အိမ်၏ နောက်ဖေးဘက် လမ်းမဆီမှ သံဝေဂ လင်္ကာများကို ရွတ်ဆိုသွားသံ ကြားတိုင်း ကျွန်တော့် စိတ်ထဲမှ “သွားပြန်ပြီ တစ်ယောက်” ဟု မြည်တမ်းမိ တတ်ပါသည်။

လက်ရှိ ကျွန်တော် နေသော ရပ်ကွက် ကလေးသည် ရေဝေးသုသာန်နှင့် အတန်ငယ် နီးသဖြင့် နေ့စဉ်နှင့်အမျှ ဆိုသလို ထိုအသံတွေကို ကြားနေရလေ့ရှိပါသည်။ လမ်းမကြီးပေါ်တွင် အသုဘ ယာဉ်များ၊ သေဆုံးသွားသည့် လူများကို သယ်ယူ၍ ရေဝေးအအေးခန်းသို့ ပို့ဆောင် ပေးနေသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယာဉ်များ၊ အသုဘ ချလာစဉ် လိုက်လံပို့ဆောင် ပေးလေ့ရှိသည့် ယာဉ်တန်းများကို တစ်နေ့မပြတ် တွေ့မြင်ရတတ်လေ့ ရှိပါသည်။

တစ်ခါတစ်ခါတွင် ပျင်းပျင်း ရှိသဖြင့် လမ်းထိပ်ထွက်၍ လက်ဖက်ရည်ဆိုင် ထိုင်နေလျှင်သော် လည်းကောင်း၊ တစ်ခါတစ်ခါ သွားသွားလာလာဖြင့် ထိုလမ်းကို ဖြတ်မိလျှင် သော်လည်းကောင်း၊ အသက်အရွယ် အမျိုးမျိုး၊ ဆင်းရဲချမ်းသာ မကွဲပြား၊ ကျားမ မရွေးသေ ဆုံးနေကြသည်ကို စိတ်မချမ်း မြေ့ဖွယ် တွေ့မြင်နေရတတ် ပါသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ထိုကိစ္စသည် အတော့်ကို ယဉ်ပါးနေကျ ကိစ္စဟု ထင်မြင်မိပါသည်။

ထို့နည်းတူ ဒီရပ်ကွက် ကလေးတွင် နေထိုင်ကြကုန်သော ရပ်ကွက်သူ ရပ်ကွက် သားအားလုံး အတွက်လည်း ယဉ်ပါးနေသော ကိစ္စသာ ဖြစ်ခဲ့ပါသည်။ မည်သူမဆို ဒီရပ်ကွက်သား မှန်လျှင် မော် တော်ကားမှန်များတွင် တပ်ဆင်ထားလေ့ ရှိသော ဦးဘယ် သူ ဒေါ်ဘယ်ဝါ အသက် ဘယ်လောက် “ကောင်းမှု” ဆိုသည့် စာတန်းများကို ရင်တွင်းမှ ခံစားချက် မပါဘဲ လိုက်လံဖတ်ရှု နေတတ်ခဲ့ပြီ ဖြစ်ပါသည်။

Monday, March 12, 2012

ခြေရာမဲ့မျက်ဝန်းများ

ဒီလမ်းထဲကို ကျွန်တော်ပြောင်း လာတာ သိပ်မကြာသေးဘူး။ စေ့ စေ့ပေါက်ပေါက်တွက်ကြည့်လိုက် ရင် သုံးလလောက်ကို သီသီကလေး ပဲ စွန်းဦးမယ်။ သေချာတာက ကျွန်တော့်အနေနဲ့ ရောက်စတုန်း ကလို အိုးတိုးအမ်းတမ်းနဲ့ မနေတတ် မထိုင်တတ် မဖြစ်တော့သလို လမ်း သူလမ်းသားတော်တော်များများနဲ့ လည်း မျက်မှန်းတမ်းမိရုံေ လာက် တော့ ရှိနေပါပြီ။ သွေးသောက်ညီ အစ်ကို မောင်နှမတွေလို စည်းလုံး ညီညွတ်တဲ့အဆင့်ထိတော့ မရောက် သေးဘူးပေါ့။လမ်းကလေးရဲ့ ပုံစံကလည်း သာမန်ပျံကျ ဆန်ဆန် ရပ်ကွက် ကလေးထဲက လမ်းကလေးဆိုတော့ ခံ့ခံ့ညားညား သိပ်မရှိလှဘူးပေါ့။ လက်လုပ်လက်စားတွေ ဖောခြင်း သောခြင်းနဲ့ ရင်ချင်းအပ်ကျောချင်း ကပ်ပြီး   ထောက်ကန်ထားတဲ့ ပတ် ဝန်းကျင် ဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ အလွယ်တကူ ပျော်ဝင်ဖို့ သိပ်မခက် လှပါဘူး။ ဒါပေမဲ့ လူသစ်ပီပီ နေရထိုင်ရတာ အသားမကျေ သးတဲ့အခါ ကသိကအောက် တော့ နိုင်တုန်းပဲ။ဒီလမ်းကလေးထဲမှာ နေရတာ ဟာ ကျွန်တော့်အဖို့ ဘာမှမထောင်း တာပေမယ့် တစ်နေ့ကို နှစ်ကြိမ် လောက် စိတ်ညစ်ရ တာမျိုးရှိတယ် ဆိုပါတော့။ ရှင်းရှင်းပြောရရင် အဲဒီ အချိန်တွေဟာ ကျွန်တော့်အတွက် ရောရုဝက လမ်းသွယ်တွေထဲမှာ စိတ်မချမ်းသာစွာ လျှောက်နေရ တယ်လို့ကို ထင်မိ တာ။ ပထမ အချိန်က ကျွန်တော်အလုပ်သွားတဲ့ အချိန်ဖြစ်ပြီး ဒုတိယက ပြန်ချိန်လို့ ပဲ ဆိုကြပါစို့။မနက်မိုးလင်းလို့ အိမ်ကထွက် တော့မယ်ဆိုရင် ကျွန်တော့်မှာ ရန်သူ့ နယ်မြေထဲ သွားလာလှုပ်ရှား နေရတဲ့ ပြောက်ကျားတပ်သားတစ် ယောက်လို အန္တရာယ်ကို ကြည့် ရှောင်နေရတော့တာ။ သတိကိုမြဲမြဲ ကပ်ပြီး ရှောင်ရတိမ်းရ မယ့် သေနင်္ဂ ဗျူဟာတွေကိုပါ တွက်ချက်ထားရ တာ။ ဒါကြောင့် အိမ်ကထွက်တော့ မယ်ဆိုရင် အိမ်ရှေ့ဖိနပ်ချွတ်နားမှာ အတော်ကြာကြာထိုင်ရင်း အကြံ ယူနေရတတ်တယ်။ ဘယ်လို ခွန် အားသတ္တိတွေနဲ့ ဒီလမ်းကိုဖြတ်ရင် ကောင်းမလဲဆိုပြီး ကြိုကြိုတင်တင် စီစဉ်အကွက်ချရတဲ့သဘောပါ။ နောက်ဆုံး မထူးပါဘူးဆိုပြီး အိမ်ပေါ်ကဆင်းလိုက်တာနဲ့ တစ် ပြိုင် နက် ကျွန်တော့်ကို မျှော်လင့် ချက်တွေ ရွှဲရွှဲစိုနေတဲ့ မျက်လုံးပေါင်း များစွာက မလွတ်တမ်း ကြည့်နေ ကြတော့မယ်ဆိုတာကို အတပ်သိ ထားပြီးသား။ အဲဒီအခါကျရင် ကျွန် တော်က အားနာစိတ်နဲ့ တစ်ဆိုင် ဆိုင်ကို မဖြစ်မနေဝင်ရတော့မယ် လေ။ တကယ်လို့ ကျွန်တော်က ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ပြီဆိုရင် ဈေးတန်းလေးလိုဖြစ်နေတဲ့ တခြား ဆိုင်က ဈေးသည်တွေရဲ့ မျက်နှာ တွေဟာ ကျွန်တော့်ကိုလှမ်းကြည့်နေ ရာကနေ နံရံကို ဘောလုံးပိတ်မှန် လိုက်သလို ဒိုင်းခနဲ လည်ထွက် သွားကြလိမ့်မယ်။