Sunday, December 9, 2012

ရင်ခုန်တမ်းချင်း

သူမ စိတ်ကို လျှော့ချလိုက် သည်။
နံရံကို ကျောဖြင့်မှီရင်း မျက် လုံးအစုံကို ဇွတ်အတင်း မှိတ်ထား လိုက်ရသည်။ ရင်တစ်ခုလုံး နုံးချည့် နွမ်းလျလာ၏။ ထုံးစံအတိုင်း သူက တော့ပြန်ရောက်မလာသေး။ ဒူးအစုံ ကို လက်နှစ်ဖက်နှင့် သိုင်းယှက်ကာ နာရီကို မော့ကြည့်တော့ စက္ကန့်တံ တွေကမပျင်းမရိ ရွေ့လျားနေသည်။ နာရီမြားက ဆယ့်နှစ်ဂဏန်းကို ညွှန်းဆိုနေသော် လည်း မိနစ်တံက တော့ ဆယ့်တစ်နာရီ၏အရိပ်ကို ခိုတွယ်နေသည်။ မကြာခင် မြည်လာ တော့မည်ဖြစ်သည့် နာရီတီးသံက သူမ၏ ရင်ကို ထိုးနှက်ရိုက်ပုတ်ကာ ဟား တိုက်သရော်လိမ့်ဦးမည်။
တဖြည်းဖြည်းနှင့် ညှိုးခြောက် သွေ့ဝါလာသော အတွေးစက်ဝန်းကို တစ်ပတ်လှည့်ပြီး ကျရာအဖြေကို မျှော်တွေးတော့ ‘ဒီနေ့ ဘောလုံးပွဲ ရှိလို့များလား’ဟု ဆင်ခြင်မိသ ည်။ ဒါလည်းမဖြစ်နိုင်။ ဒီနေ့က တနင်္လာ နေ့မို့ တစ်ကမ္ဘာလုံးတွင် ဘာဘောလုံးပွဲမှမရှိကြောင်း သူမ ကောင်း ကောင်း သိသည်။ ဒါဆိုလျှင် သူမ၏ခင်ပွန်းသည် သူ့သူ ငယ်ချင်း တစ်ဦး ဦးနှင့်အတူ ထုံးစံအတိုင်း အချိန်တွေ ကို အယ်လ်ကိုဟောနှင့် ရောစပ် သောက်သုံးရင်း သူမကို မေ့နေခြင်း သာဖြစ်ပါလိမ့်မည်။ တစ်လောကလုံး ရှိ
လူသားအားလုံး၏ အိပ်မက်တွေ နိဂုံးချုပ်ချိန်ရောက်မှ သူက ထိုဆိုင်မှ အားတုံ့အားနာနှင့်ထမည်။ ပြီးလျှင် အိမ်ကို တိုးတိုးတိတ်တိတ်နှင့်ပြန်လာ ပြီး သူမဘေးတွင် အသာဝင်လှဲကာ စိတ်လွတ်လက်လွတ် အိပ်ပစ်လိုက် လိမ့်မည်။
 ထိုအခါ အိမ်မှုကိစ္စတွေကို တစ်နေကုန်တစ်နေခန်း အောက်ခြေ သိမ်းလုပ်ခဲ့ပြီး မောပန်းနွမ်းနယ်မှု တွေကို တစ်နေရာမှာ ချည်နှောင်၍ ခင်ပွန်းဖြစ်သူကို စောင့်နေရ သည့် သူမ၏ဒုက္ခကို သူနားလည်မည် မဟုတ်။ မိန်းမတစ်ယောက်၏ အိမ် ထောင်ရေးနှင့်ပတ်သက်သော တောင့်တချက်၊ မျှော်လင့်ချက်စ သည့် ရင်ခုန်လှုပ်ရှားမှုတို့ကို သူသိ လိမ့်မည်မဟုတ်ပါ။ သူမရင်ထဲက အထုလိုက် အထည်လိုက်ရှိနေသော မွန်းကျပ်တစ်ဆို့မှုတွေကို သက်ပြင်း မောတွေအဖြစ် အသွင်ပြောင်းကာ လေထုတွင်းသို့ တွန်းလွှတ်ပြီး မသိမသာ ချေဖျက်ပစ်နေရသည်။

သူမကိုယ်တိုင်ကလည်း အခု တစ်လောတွင်မှ ဘာဖြစ်နေသည် မသိ။ သူ့ကိုသာ အနားမှာ ရှိနေစေ ချင်သည်။ လင်ကိုယ်မယားအတူ တကွ ကြည်နူးရွှင်ပျစွာ နေထိုင်ရ သည့်အချိန်က အတော့်ကို ရှားပါး တာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဟိုအရင်သမီးရည်းစား ဘဝတုန်းကလို ချစ်စကားကြိုက် စကားတွေကို တဖွဖွပြောေ နစေချင် သည်။ သူ၏အပွေ့အဖက်၊ အယု အယတွေကြားတွင် သာယာစွာ စီးမျောရင်း တိမ်တိုက်တွေကို ဟီးလေးခိုစီးချင်နေသည်။ ထို့ပြင် ဆယ်ကျော်သက်တစ်ေ ယာက်လို လွတ်လပ်ပေါ့ပါးစွာရယ်မောပျော် ရွှင်ရင်း သူ့မျက်နှာကို တစိမ့်စိမ့်မော့ ကြည့်နေချင်သေးသည်။ ချစ်ခြင်းဖွဲ့ တေးတွေကို သူတစ်ပြန်ကိုယ်တစ် လှည့် ဆို ညည်းရင်း ကြည်နူးပြုံးတွေ ကိုလည်း အကျောမပေးစတမ်း ကျေကျေနပ်နပ် ဖလှယ်ချင်သေး သည်။ သို့သော် ဒါတွေအားလုံးမှာ သူမ၏စိတ်ခံစားချက်ပေါ် တွင် မခိုင့် တခိုင် တည်ဆောက်ထားသော ချစ်ဗိမာန်ယိုင်နဲ့နဲ့လေးသာ ဖြစ်နေ ပါသည်။
အခုတော့ သူက သုန်မှုန်သော မျက်နှာပေါ်တွင် အေးစက်မာကျော နေသော မျက်လုံးသေတွေကို တပ် ဆင်ရင်း ခပ်ခွာခွာနေတတ်လာ သည်။ အရင်တုန်းကလို တစ်ဦးနှ င့် တစ်ဦး နီးကပ်ယုယစွာ နေချင်ပုံမရ တော့။ ညင်သာသော လက်ဖျားတွေ နှင့် ပွေ့ဖက်ယုယကာ ချစ်စကားတွေ ကို သီဖွဲ့ပြောပြချင်စိတ်တွေလည်း ရှိပုံမရတော့။ ‘အိမ်ထောင်ကျခြင်း သည်၊ ချစ်ခြင်း၏သင်္ချိုင်းဖြစ်သည်’ ဟူသော ကြားဖူးနားဝအဆိုက တိတိကျကျမှန်နေပြီလားဟု သူမ မဝေခွဲနိုင်။တစ်ခါတလေ သူမက ရွှန်းလဲ့   တောက်ပနေသော မျက်ဝန်းတွေနှင့် မြတ်နိုးစွာကြည့်ပြီး သူ၏လက် မောင်းကိုဖြစ်ဖြစ်၊ လည်ကုပ်ကို ဖြစ်ဖြစ် ခိုတွယ်မိလျှင် မြောက်မြား လွန်းလှစွာသော သူ၏လုပ်ငန်း များ ထဲမှ တစ်ခုခုကို အကြောင်းပြကာ  ‘ကိုကို လွတ်လွတ်လပ်လပ် စဉ်းစား ချင်သေးတယ်ကွာ..’ ဆို၍လည်း ပညာရှိနည်းနှင့်လည်း နှင်တတ်သေး သည်။ ထို့ကြောင့် သူမရင်ထဲက အစိုင်အခဲတွေကို လူမသိသူမသိ သိမ်းထုပ်ယူငင်ကာ သူ၏ကိုယ်ပွား ဖြစ်သော သားငယ်လေးနှင့်သာ မွန်းကျပ်ညစ်နွမ်းလာသောစိတ်တွေ ကို လျှော်ဖွပ်ေ ဆးကြောပစ်နေရသည်။
 သားလေးကလည်း သူ့သားပီပီ တိမ်တွေကိုချစ်တတ်သည်။ ကောင်း ကင်တွင် ဝဲပျံလာသော ငှက်အုပ်တွေ ကို သဘောကျချင် ကျနေတတ်သည်။ တစ်ခါတစ်ခါတိမ်တွေ ငှက်တွေကို မော့ကြည့်ရင်း သစ်ရွက်လှုပ်တာ လေးကို ငေးချင်ငေးနေတတ်သည်။တစ်ခါတစ်ခါတွင်တော့ လမင်းကြီး ကို မော့ကြည့်ကာ လက်ညှိုးထိုးရင်း ဘာဝါကျ၊ ဘယ်ဘာသာစကားမှန်း မသိသော ဝူးဝူးဝါးဝါးစကားတွေဖြင့် စီကာပတ်ကုံး ပြောချင်ပြောနေတတ် သည်။ သားလေး၏ သည်အမူအရာ တွေ၊ အကျင့်တွေအားလုံးမှာ တစ် ချိန်ကအပျော်တစ်ခုခု ဒါမှမဟုတ် ပုံရိပ်တချို့ကို ပြန်၍ပြောပြလျှင် သူမ၏ ရင်ခုန်မှုတွေက ခပ်ကြမ်း ကြမ်း ဘောင်ဘင်ခတ်စေပြန်သည်။ ထိုအခါမျိုးတွင် ‘ကိုကိုက ..ငါ့ကို ချစ်သေးတာပဲ..’ ဟူ၍ သူမကိုယ် သူမ ပြန်လည်အားတင်းကာ နှစ် သိမ့်ပေးရပြန်ပါသည်။
 သေချာသည်က ကိုကိုနှင့် ပတ်သက်သည့် သည်လို ကြည်နူးခွင့် လက်မှတ်တွေမှာ လပေါင်းများစွာ ဖြတ်သန်းပြီးခါမှ တစ်ခါတလေ ပြန် လည် ကောက်ရတတ်ခြင်း သာဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် သူမအတွက် ရေရှည်မက်ခွင့်မရသော အိပ်မက်အပိုင်းအစများသာ ဖြစ်နေပါသည်။ သေချာသည်က ရင်ထဲတွင် အလို မကျမှုတွေေ ကြာင့် ဆင့်ပွားဖြစ် တည်လာတတ်သော ထေ့စရာငေါ့ စရာတွေကိုတော့ သူမ မေ့ထားလိုက် မည်သာ ဖြစ်ပါသည်။လမ်းထိပ်ဆီမှ လူသံသဲ့သဲ့ကြား သဖြင့် သူမ လည်တိုင် ကိုချီပြီး နား ကို စွင့်လိုက်သည်။ သူ့အသံမဟုတ်။ သံစုံမြည်နာရီဆီမှ တီတီတာတာ အသံကို ကြားရပြီ။ ထို့နောက် ဆယ့်နှစ်ချက်ကို တစ်စက္ကန့်စီ မြည် သည်။ ဆယ့်နှစ် ချက်ပြည့်တော့ နာရီတီးသံက ပြန်လည်ငြိမ်သက် သွားပြန်သည်။ အိမ်နံရံ၏ အမြင့် ပိုင်းတစ်နေရာမှ အိမ်မြှောင်စုတ် ထိုးသံတွေက ထွက်လာပြန်သည်။ စုတ်ထိုးတာ လား၊ စုတ်သပ် တာလား သူမ မဝေခွဲတတ်။ စုတ်သပ်တာဆို လျှင် သူမကို သနား၍ ရည်ညွှန်းတာ လားဟု မဆီမဆိုင် တွေးမိသည်။
သူမ ထိုင်ရာကထပြီး အိမ်ရှေ့ သို့ထွက်ကာ လမ်းမဆီသို့ မျှော်ကြည့် လိုက်ပြီး ရည်ရွယ်ချက်မရှိဘဲ ပြန်ဝင် လာခဲ့မိသည်။ သူ့အရိပ်အယောင်ကို တောင် မမြင်ရသေး။ ထို့နောက် ဘာရယ်မဟုတ်ဘဲ သူ၏အဝတ်ဗီရို ကို ဆွဲဖွင့်လိုက်သည်။ အထဲကအဝတ်တွေကို တစ်ထည်ချင်း ဆွဲထုတ်လိုက်ပြီး အောက်ဆုံးရှိ အခင်းအောက်ကိုပါ လှန်ေ လှာရှာမိ ပြန်သည်။ ဘာသဲလွန်စမှမရှိ။ သူ့ အမူအရာပြောင်းလဲခြင်း၏ အရိပ် အယောင်ဟူ၍ တစ်စွန်းတစ်စမှ မတွေ့ရ။ ထို့ကြောင့် သူမ ဗီရိုဘက် သို့ မင်္ဂလာဆောင် သည့်နေ့ကအဝတ် အစားတွေကိုပါ အမှတ်တရတွေ့ရ သည်။ ထိုအဝတ်တွေ၏အောက်တွင် သူနှင့်ချစ်ခါစက စာတွေကိုပါ အထပ်လိုက်တွေ့ရသည်။ ထိုစာတွေ ထဲတွ င်ရောနှောနေသော စာအုပ် ကလေးတစ်အုပ်ကိုပါ ဆွဲထုတ်လိုက် မိပြီး အံဆွဲကို ပြန်ပိတ်လိုက်သည်။
 စာအုပ်ကလေး၏ အဝါရောင် မျက်နှာဖုံးပေါ်တွင် ကလေးငယ် လေးနှစ်ယောက်က တစ်ယောက် နှင့်တစ်ယောက် ကြည်ကြည်နူးနူး အနမ်းချင်း ဖလှယ်နေကြသည်။ ထိုမျက်နှာဖုံးလေးကို ကြည့်ရင်း သူမခန္ဓာကိုယ်ထဲတွင် လှည့်ပတ် စီးမျောနေသော သွေးတွေက ပြင်ပ ကို တွန်းထိုးကန်ကျောက်ထွက်လာ သလို ရင်ထဲမှာ ဆူဝေလာ သည်။ စာအုပ်ကိုကိုင်ထားသော သူမ၏လက်တွေက တဆတ်ဆတ် တုန်ယင် နေကြသည်။ သူမ၏မျက်ဝန်းတွေကို လမ်းမဘက်ရွှေ့ရင်း စာအုပ်ဆီပြန် ရောက်တော့ သူမ၏လက်တွေကပထမစာမျက်နှာကို လှန်ပြီးလျက် သား ဖြစ်နေပြီ။ ဘယ်တုန်းကမှ မရိုးနိုင်ခဲ့သော လက်ရေးသွယ်သွယ်ကို သူမ ရှိုက် မက်စွာ ကြည့်နေမိသည်။ ပထမ စာကြောင်းမှာက ‘ချစ်ရတဲ့ မူ့ အတွက်’တဲ့။ တစ်ချိန်က သူကိုယ် တိုင်ရေးပေးခဲ့သော အမှတ်တရ စာအုပ်ကလေး။ နောက်ပိုင်း စာမျက်နှာတွေတွင် သူမ၏အလှဖွဲ့၊ သူမအပေါ်မည်မျှချစ်ကြောင်း၊ လွမ်းကြောင်း၊ တမ်းတကြောင်းတွေ နှင့် မြန်မြန်ဆန်ဆန်အတူနေရဖို့ အကြောင်းတွေ ပါသည်။ ထိုစာအုပ် ကလေးထဲ တွင် သူ၏အိပ်မက် အစိတ် အပိုင်းတွေနှင့် ကြင်နာခြင်းကိုယ် ထည်တွေပါသည်ဟု သူပြောခဲ့ ကြောင်းကိုသူမအမှတ်ရနေ မိသည်။
 စာအုပ်ကလေးကို ရှေ့ဆက်၍ မဖတ်ဖြစ်သေး။ နောက်ပိုင်းတွင် ဘာတွေပါသည်ကို မှတ်ဥာဏ်က သိနေသော်လည်း နှလုံးသားက ငံ့လင့်နေပြန်သည်။ သို့သော် စာအုပ် ကို သူမ ပြန်ပိတ်လိုက်သည်။ ထို့နောက် ရင်ခွင်ထဲတွင် ထည့်ကာ နာရီကိုမော့ကြည့်လိုက်မိပြန်သည်။ အချိန်တွေသည် တံစဉ်းနှင့်အတိုက် ခံနေရသော ရွှေတုံးပမာ အလွှား လိုက် ကွာကျနေသည်။ထို့နောက် သူ့ပုံရိပ်တွေက သူမ၏ အတွေးမျက်ဝန်း၏ မြင်လွှာ ပေါ်တွင် သက်ဝင်လှုပ်ရှားလာပြန် သည်။ သို့သော် သူမ လက်မခံချင်   သေး။ တစ်ချိန်တုန်းက စကားတွေ၊ အပြုံးတွေနှင့် သူ၏ကြင်နာမှုတွေကို ဘယ်နေရာမှာ ချထားခဲ့ပြီလဲဆိုတာ ကိုတော့ သူမသိချင်ပါသေးသည်။ ဒါမှသာ ထိုရက်စွဲတွေ ကို တယု တယကောက်ယူပြီး သူ့ကို ပြန်လည် ပေးအပ်သောအခါကျမှ သူမ အတွက် မျှော်လင့်ချက်ရေးရေး ကျန်နိုင်ကောင်းမည်ဟု မျှော်လင့်နေ ရသောကြောင့် ဖြစ် ပါသည်။အိမ်ရှေ့ဆီမှခြံတံခါးလှုပ်ခတ် သံ တချွင်ချွင်ကို ကြားရသည်။
 သူပြန်လာပြီမှာ သေချာပြီ။ သူမရင်ထဲ လှပ်ခနဲတုန်ခါသွားသည်။ ညားခါစတုန်းကတော့ ‘မူရေ..ကိုကိုလာပြီ..’ ဟု အိမ်ရှေ့က တည်းက အော်ဝင်လာတတ်သော် လည်း ယခုတော့ အိမ်မကြီးတံခါးကို အသာအယာဖွင့်ကာ အိမ်ထဲသို့ အသံတိတ်ဝင်ဖို့ ပြင်နေပြီ။သူမ အိပ်ရာထဲသို့ မသိမသာဝင်နေလိုက် ရလျှင် ကောင်းမလား။ ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်ရင်း သူ့လှုပ် ရှားမှုတွေကို အကဲခတ်နေရလျှင် ကောင်းမလား။ အမျိုးမျိုး စဉ်းစားနေ မိသော်လည်း ထိုင်ရာကမထမိ။ အိမ်ထဲရောက်လာသောသူ့ ကို မော့ ကြည့်တော့သူမထံသို့ ရီဝေဝေ အကြည့်တချို့ ဖိတ်စဉ်ကျလာ သည်။
 ”မိန်းမ…မအိပ်သေးဘူး လား..”
   မေးရက်လိုက်တာ။ အချိန်နှင့် အခါနှင့် အိမ်ကိုပြန်ရောက်မလာ တတ်သော ခင်ပွန်းသည်တစ် ယောက်အတွက် အဘယ်ဇနီးသည် က စိတ်ချလက်ချ အိပ်နိုင်ပါမည်လဲ။ အရက်ဆိုင်မှာ သောက်စားငြင်းခုံ ရင်း ရန်များဖြစ်ကြမလား။ ကာရာ အိုကေတွေ၊ ကေတီဗီတွေမှာ မိန်းက လေးတွေနှင့် တရုန်းရုန်းဖြစ်နေမ လား။ ဒါမှမဟုတ် အချိန်မရှိ အခါ မရှိ သွားလာနေသဖြင့် ပတ်တရောင် ရဲတွေကများ ဖမ်းသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေနှင့် အချိုးကျဖျော် စပ်ထားသည့် သောကမင်ရေတွေကို အဖျက်နိုင်ဆုံးအ ရာသည် မိမိ ယောက်ျား အိမ်ပြန်ရောက်လာခြင်း ဆိုတာလောက်မှ သူ မသိပါလားဟု သူမ ရင်နာရသည်။
 အနံ့စူးစူးနှင့် အနားရောက်လာ သောသူ့ကို မော့ကြည့်ရင်း လက်ထဲ က စာအုပ်ကလေးကို စားပွဲပေါ် ပစ်တင်လိုက်ပြီး သူ့ရှေ့တွင်မတ် တတ်ရပ်ကာ အင်္ကျီကြယ်သီးတွေ ကို တစ်လုံးချင်း ဖြုတ်ပေးနေမိသည်။ သူက သူမ၏လက်မောင်းနှစ်ဖက်ကိုခပ်ဖွဖွကိုင်ရင်း သူမ၏မျက်နှာပြင်ကို ငုံ့ကြည့်လာသည်။ သူ့မျက်လုံးစူးစူး တွေနှင့် ရင်ဆိုင်မိေ တာ့ စတွေ့တုန်း က ခံစားမှုအရိုင်းကလေးလို ရင်က ဖျတ်ခနဲ လှုပ်ခုန်သည်။ ရုတ်တရက် သူမလက်ဖျားတွေ အေးစက်လာပြီး ကြည်နူးမှုက ခန္ဓာကိုယ်တစ်ခုလုံးကို
ခပ်တင်းတင်း ရစ်ပတ်သွားသည်။ သူမ ခေါင်းကိုငုံ့လိုက်တော့ သူက သူမ၏မေးဖျားလေးကို အသာမပြီး စိုက်ကြည့်နေပြန်သည်။ ထိုအကြည့် အတွက် သူမ ပြုံးပြလိုက် သည်လား၊ မဲ့ပြလိုက်သည်လား မဝေခွဲနိုင်။ တဆတ်ဆတ်တုန်ခါလာသည့် နှုတ် ခမ်းနှစ်လွှာကိုတော့သူက သေသေ ချာချာ ကြည့်နေသည်။
 သူ့အင်္ကျီကို ချွတ်ပေးပြီးတော့ အဝတ်ခြင်းထဲသို့ ပစ်ထည့်လိုက် သည်။ ထို့နောက် ဗီရိုထဲမှ အင်္ကျီ အဟောင်းတစ်ထည်ကို ထုတ်ယူပြီး သူ့ကို ဝတ်ပေးမည်ပြင်တော့ သူက ‘ ပေး…ပေး..မူ..ကိုယ့်ကို ပေး..’ ဆိုပြီး သူ့ဘာသာ ယူဝတ် သည်။ သူမကသတိတရဖြင့် စားပွဲ ပေါ်က စာအုပ်ကလေးကို ကောက် ယူပြီး ပြန်ထည့်ဖို့ ဗီရိုကိုဆွဲဖွင့် လိုက် တော့ သူက စိတ်ဝင်တစားနှင့်       ”အဲဒါ ဘာလဲ..ကိုယ့်ကိုပြစမ်း..” ဆိုကာ ဆွဲယူသွားသည်။သူမရင်တစ်ခုလုံး နုံးချည့်နွမ်း လျသွားသည်။’အဲဒါဘာလဲ…’ တဲ့။ သူမ ကို လွမ်းလွန်းလို့ဆိုပြီး သူကိုယ်တိုင် စာမျက်နှာ ရှစ်ဆယ်လုံးပြည့်အောင် ရေးပေးထားသည့် စာအုပ်ကလေးကို တောင် သတိမရတော့ဘူးတဲ့လား။ သူ မေ့ချင်ယောင်   ဆောင်နေတာများ လား။ ဒါမှမဟုတ် တကယ်ပဲမေ့သွား တာလား။ မေ့ချင်ယောင်ဆောင်နေ တာတော့ မဖြစ်နိုင်ပါ။ အခုတစ် လော သူအရမ်းမေ့တတ်နေတာကို သူမ   ကောင်းကောင်းသိနေပါသည်။ သို့သော် ဒီလို နှစ်ဦးစလုံး၏ အကြင် နာမှတ်တိုင်ကလေးကိုတော့ မမေ့ ကောင်းဟု သူမ ထင်ပါသည်။သူသည် လက်ထဲရှိ စာအုပ် ကေ လး၏ မျက်နှာဖုံးကို သေသေ ချာချာကြည့်နေသည်။ ထို့ပြင် အထူးအဆန်းတစ်ခုကို တွေ့နေရ သလို ဇဝေဇဝါလည်း ဖြစ်နေသည်။ ပြီးတော့ မျက်စိမှုန်နေသူတစ်ဦးလို စာအုပ်ကို မျက်နှာနားကပ်၍ သေသေချာချာကြည့်ပြီးမှ

”ဟာ…ဒါ..ဒါ..ငါ့ လက်ရေးပဲ..”
သူမ အလန့်တကြား မော့ကြည့် လိုက်မိသည်။ သေချာပြီ။ ဒီစာအုပ် ကလေးအကြောင်းကို သူသေသေ ချာချာမေ့သွားပြီ။ မိန်းကလေးတစ် ယောက်အပေါ် ဒါမှမဟုတ် ကိုယ့် ဇနီးတစ်ယောက်လုံးအပေါ် သက် ရောက်နေသောသူ၏ စူးနစ်မှုကို လည်းမမျှော်လင့်ဘဲ တွေ့လိုက်ရ သဖြင့် သူမ ငိုချင်လာမိသည်။ ထို့ကြောင့် စာအုပ်ကို ဖျတ် ခနဲဆွဲယူ ပြီး ဗီရိုထဲ ပစ်ထည့်လိုက်ကာ ဒိုင်း ခနဲနေအောင် ဆောင့်ပိတ်ပစ်လိုက် သည်။သူမ၏ လှုပ်ရှားမှုတွေကို မျက်တောင်မခတ် ကြည့်နေသော သူက ပခုံးတစ်ချက် ကို ဟန်ပါပါ တွန့်ရင်း ‘ကိုယ်..အိပ်တော့မယ် ကွာ..’ ဆိုကာ အိပ်ရာထဲ ဝင်သွား သည်။ သူမကို ခွင့်တောင်းတာလား အသိပေးတာလား မဝေခွဲနိုင်သော် လည်း သူကေ တာ့ ခြင်ထောင်ထဲ ရောက်သွားပြီ။ ထို့နောက် အထဲမှ နေ၍ ‘ဟား..ငါ့သားကလည်း အိပ်နေလိုက်တာကွာ..ဟား..ဟား..ရွှတ်’ ဆိုသော ရယ်သံနှင့်သားလေးကို မွှေးမွှေးေ ပးနေသံကို သူမ ကြားလိုက်ရသည်။
ဘာကို ဝမ်းနည်းမှန်းမသိသည့် ဝမ်းနည်းစိတ်တို့က သူမအာရုံကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။ ထို့နောက် ခေါင်းကို ခပ်သွက်သွက် ခါထုတ်လိုက်ပြီး အိမ်ရှေ့တံခါး ကို  ထွက်ပိတ်လိုက်သည်။ အိပ်ခန်းဆီ ပြန်ရောက်၍ ဆောက်တည်ရာမရ သောသူမ၏သိစိတ်အလွှာကို အသာဇက်ချုပ်ရင်း အိပ်ရာဆီ နားစွင့်လိုက်သောအခါ လှုပ်ရှား သံ မရှိတော့။ သူ၏ အသက်ရှူသံ ပြင်း ပြင်းကပင် သူမကို လှောင်ပြောင် သရော်နေသလို ထင်ရ၏။သူမ၏ သိစိတ်အလျင်က ခင်ပွန်းဖြစ်သူ၏သူငယ်ချင်း အောင် မြင့်ဦး တို့ လင်မယားကို အဆက်မစပ် မရှိဘဲ သတိရလိုက်သည်။ ကိုအောင် မြင့်ဦးတို့လင်မယားက သူမခင်ပွန်း လိုမဟုတ် ဇနီးနှင့် သားသမီးများ အပေါ်တွင် ကြင်နာသည်။ တစ်ခါ တလေလူရှေ့မရှောင် သူရှေ့မရှောင် သူ့သားလေးကိုမွှေးရင်း ဇနီးဖြစ်သူ ကိုပါ ရော၍နမ်းနေတတ်သည်ကို သူမ မြင်ဖူးသည်။ တစ်ခါတလေ သူမအိမ်ကို အ လည်လာခိုက် သူတို့ လင်မယား၏ တစ်ယောက်အပေါ် တစ်ယောက် ကြည့်နေကြသော မျက်လုံးတွေသည်သူမတို့လင်မယား သမီးရည်းစားဘဝတုန်းကလို ချစ် ရည် ရွှန်းလဲ့ကာ မျက်စိအောက်က အပျောက်မခံနိုင်ပုံမျိုးတွေ ဖြစ် သည်။
သူမရင်တွင်းမှ သောကငွေ့ တွေကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက် သည်။ ရှိုးကေ့စ်ပေါ်ရှိ ဇီးကွက်ရုပ် နှစ်ရုပ်ဆီ အကြည့်ရောက်တော့ အရုပ်ကလေးတွေက သူမကို တအံ့ တသြကြည့်နေရသလို ထင်ရ၏။ ဇီးကွက်အဖိုလေးက တစ်ဖက်ကိုနည်းနည်းလေးလှည့်နေသဖြင့် ပြန် တည့်ပေးဖို့ လက်လှမ်းလိုက်သည်။ သူမ၏လက်အစုံက ဇီးကွက် ကလေး ဆီ ရောက်လုရောက်ခင်ကျမှ ပြန် ရုပ်လိုက်ပြီး ခုဗီရို၏တံခါးကို နောက် တစ်ကြိမ် ဆွဲဖွင့်လိုက်မိပြန်သည်။ ထို့နောက် မသေမသပ်နှင့်ခပ်စောင်းစောင်းဖြစ်နေေ သာ စာအုပ်ကလေး ကို ပြန်ဆွဲထုတ်လိုက်မိသည်။ ကောင်လေးနှင့် ကောင်မလေးတို့က မမောနိုင်မပန်းနိုင်အောင် အနမ်းပွင့် တွေခြွေနေကြတုန်း ရှိသေးသည်။
 ပထမ စာမျက်နှာကိုလှန်ရင်း အနားရှိ မှန်တင်ခုံရှေ့တွင် သူမ ဝင်ထိုင်လိုက်သည်။ မှန်ထဲရှိ ပုံရိပ် ကိုလှမ်းကြည့်တော့ တစ်ခုခုကို အလိုမကျသည့် အရိပ်မည်းတွေက သူမမျက်နှာပေါ်မှာ ယှက်သန်းပြေး လွှားနေကြသည်။ မှန်ထဲရှိ ရုပ်လွှာ ဆီမှ အကြည့်ကိုချက်ချင်းရုပ်သိမ်းပြီး စာအုပ်ကလေးကို ငုံ့ကြည့်လိုက်မိ ပြန်သည်။ ‘ချစ်ရတဲ့ မူ့အတွက်’ လှပ်ခနဲဖြစ်သွားသော ရင်နှင့်အတူ ပင့်သက်တစ်ခုကို ခဲခဲယဉ်းယဉ်း တွန်းချလိုက်ရပြန်သည်။သူမအတွက် မျှော်လင့်ချက် တချို့ကို ဒီစာအုပ်ကလေးထဲ တွင် ပြန်ရှာရမည်။ တွေ့ပါ့မလားဟု စိုး ရိမ်မိသော်လည်း တွေ့လိမ့်မည်ဟု တော့ သူမ ယုံကြည်ပါသည်။ အိပ် ရာထဲမှ တရှူးရှူးဟောက်နေသော သူသည် စာအုပ်ထဲက ‘ကိုကို’ နှင့် လုံးဝတူလိမ့်မည် မဟုတ်ကြောင်းကို လည်း သူမ ယုံကြည်လက်ခံထားပြီး ဖြစ်ပါသည်။ချစ်ရလွန်းသော ယောက်ျား တစ်ယောက်ကို အနားတွင်ထား လျက် တစ်ချိန်တုန်းက အပျော်တွေ ကို မြုပ်နှံသိမ်းဆည်းထားသော စာမျက်နှာတွေပေါ်တွင် ပြန်လည် ရှာ ဖွေရသော်လည်း လွဲမှားနေသော အံချော်မှုတစ်ခုသာ ဖြစ်ပါလိမ့် မည်။ ဒါကိုလည်းသူမအနေနှင့် တိတိ ကျကျကို သိနေပါသည်။ သို့သော် သူမစိတ်ကို လိမ်ညာလှည့်စားရင်း ချစ်ရသော ကိုကိုနှင့် စာမျက်နှာတွေ ပေါ်တွင် ပျော်ရွှင်စွာ ကခုန်လှိုက် မောရဦးမည်လေ…။
မောင်နှင်းပန်း

No comments:

Post a Comment