Monday, March 12, 2012

ခြေရာမဲ့မျက်ဝန်းများ

ဒီလမ်းထဲကို ကျွန်တော်ပြောင်း လာတာ သိပ်မကြာသေးဘူး။ စေ့ စေ့ပေါက်ပေါက်တွက်ကြည့်လိုက် ရင် သုံးလလောက်ကို သီသီကလေး ပဲ စွန်းဦးမယ်။ သေချာတာက ကျွန်တော့်အနေနဲ့ ရောက်စတုန်း ကလို အိုးတိုးအမ်းတမ်းနဲ့ မနေတတ် မထိုင်တတ် မဖြစ်တော့သလို လမ်း သူလမ်းသားတော်တော်များများနဲ့ လည်း မျက်မှန်းတမ်းမိရုံေ လာက် တော့ ရှိနေပါပြီ။ သွေးသောက်ညီ အစ်ကို မောင်နှမတွေလို စည်းလုံး ညီညွတ်တဲ့အဆင့်ထိတော့ မရောက် သေးဘူးပေါ့။လမ်းကလေးရဲ့ ပုံစံကလည်း သာမန်ပျံကျ ဆန်ဆန် ရပ်ကွက် ကလေးထဲက လမ်းကလေးဆိုတော့ ခံ့ခံ့ညားညား သိပ်မရှိလှဘူးပေါ့။ လက်လုပ်လက်စားတွေ ဖောခြင်း သောခြင်းနဲ့ ရင်ချင်းအပ်ကျောချင်း ကပ်ပြီး   ထောက်ကန်ထားတဲ့ ပတ် ဝန်းကျင် ဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ အလွယ်တကူ ပျော်ဝင်ဖို့ သိပ်မခက် လှပါဘူး။ ဒါပေမဲ့ လူသစ်ပီပီ နေရထိုင်ရတာ အသားမကျေ သးတဲ့အခါ ကသိကအောက် တော့ နိုင်တုန်းပဲ။ဒီလမ်းကလေးထဲမှာ နေရတာ ဟာ ကျွန်တော့်အဖို့ ဘာမှမထောင်း တာပေမယ့် တစ်နေ့ကို နှစ်ကြိမ် လောက် စိတ်ညစ်ရ တာမျိုးရှိတယ် ဆိုပါတော့။ ရှင်းရှင်းပြောရရင် အဲဒီ အချိန်တွေဟာ ကျွန်တော့်အတွက် ရောရုဝက လမ်းသွယ်တွေထဲမှာ စိတ်မချမ်းသာစွာ လျှောက်နေရ တယ်လို့ကို ထင်မိ တာ။ ပထမ အချိန်က ကျွန်တော်အလုပ်သွားတဲ့ အချိန်ဖြစ်ပြီး ဒုတိယက ပြန်ချိန်လို့ ပဲ ဆိုကြပါစို့။မနက်မိုးလင်းလို့ အိမ်ကထွက် တော့မယ်ဆိုရင် ကျွန်တော့်မှာ ရန်သူ့ နယ်မြေထဲ သွားလာလှုပ်ရှား နေရတဲ့ ပြောက်ကျားတပ်သားတစ် ယောက်လို အန္တရာယ်ကို ကြည့် ရှောင်နေရတော့တာ။ သတိကိုမြဲမြဲ ကပ်ပြီး ရှောင်ရတိမ်းရ မယ့် သေနင်္ဂ ဗျူဟာတွေကိုပါ တွက်ချက်ထားရ တာ။ ဒါကြောင့် အိမ်ကထွက်တော့ မယ်ဆိုရင် အိမ်ရှေ့ဖိနပ်ချွတ်နားမှာ အတော်ကြာကြာထိုင်ရင်း အကြံ ယူနေရတတ်တယ်။ ဘယ်လို ခွန် အားသတ္တိတွေနဲ့ ဒီလမ်းကိုဖြတ်ရင် ကောင်းမလဲဆိုပြီး ကြိုကြိုတင်တင် စီစဉ်အကွက်ချရတဲ့သဘောပါ။ နောက်ဆုံး မထူးပါဘူးဆိုပြီး အိမ်ပေါ်ကဆင်းလိုက်တာနဲ့ တစ် ပြိုင် နက် ကျွန်တော့်ကို မျှော်လင့် ချက်တွေ ရွှဲရွှဲစိုနေတဲ့ မျက်လုံးပေါင်း များစွာက မလွတ်တမ်း ကြည့်နေ ကြတော့မယ်ဆိုတာကို အတပ်သိ ထားပြီးသား။ အဲဒီအခါကျရင် ကျွန် တော်က အားနာစိတ်နဲ့ တစ်ဆိုင် ဆိုင်ကို မဖြစ်မနေဝင်ရတော့မယ် လေ။ တကယ်လို့ ကျွန်တော်က ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ပြီဆိုရင် ဈေးတန်းလေးလိုဖြစ်နေတဲ့ တခြား ဆိုင်က ဈေးသည်တွေရဲ့ မျက်နှာ တွေဟာ ကျွန်တော့်ကိုလှမ်းကြည့်နေ ရာကနေ နံရံကို ဘောလုံးပိတ်မှန် လိုက်သလို ဒိုင်းခနဲ လည်ထွက် သွားကြလိမ့်မယ်။